သန်လျင်တံတားပေါ်တွင် မောင်းနှင်နေသော ယာဉ်ငယ်တစ်စီး(ဓာတ်ပုံ−နစ်ကီ)
သန်လျင်တံတားပေါ်သို့
ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်း သွားလာခွင့်ကို ယခုလကုန်တွင်စ
တင်ပိတ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သ တင်းရရှိသည်။
နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံးဖြစ်ပေါ်နေသည့် သန် လျင်တံတားပေါ်တွင် တွဲကားများ၊ ၁၂ဘီးကားကြီးများနှင့် ဆောက် လုပ်ရေးလုပ်ငန်းသုံးကားများကို ဖြတ်သန်းခွင့် ပိတ်မည်ဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှုဆိုးရွား နေသည့်အကြောင်းရင်းမှာ ကုန် တင်ယာဉ်ကြီးများကြောင့်ဖြစ်ပြီး ဒေသခံများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အရပ်ဘက်အဖွဲ့အ စည်းများ၏ ၀ိုင်းဝန်းတောင်းဆိုမှု တင်ပြမှုများကြောင့် ဖြတ်သန်း ခွင့်ကို ကန့်သတ်မည်ဖြစ်ပြီး ကုန် တင်ယာဉ်ကြီးများသည် သန်လျင်တံတားအမှတ် (၂) ကုလားဝဲတံတားမှ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်သည်။
လက်ရှိ သန်လျင်တံတားကို မြန်မာ့မီးရထားက စီမံကိုင်တွယ် နေပြီး တံတားကြေးကောက်ခံ ခြင်းကို အောင်နိုင်သူကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည်။
သန်လျင်တံတားချဉ်းကပ် လမ်းမှာ တစ်လမ်းသွားစနစ်ဖြစ် ပြီး တံတားပေါ်သို့ အပြိုင်တက် မည့် လမ်းကျဉ်းသဖြင့် ယာဉ် ကြောပိတ်ဆို့ရခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားမှ အငယ်တန်း အင်ဂျင်နီယာဦးသန်းဆွေကပြော ကြားသည်။
လက်ရှိ သန်လျင်တံတား ပေါ်သို့ ၃၆တန်အောက်ကားများကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး ကုန်တင်ယာဉ်ကြီးများကို ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်၍ နောက်ပိုင်းတွင် တန် ၂၀အောက်ကားများသာမောင်းနှင်ခွင့်ရှိမည်ဖြစ်သည်။
ရန်ကုန်သံလျင်တံတားကို ၁၉၈၆က စတင်တည် ဆောက်ခဲ့ပြီး နိုင်ငံရေးအခြေအနေများကြောင့် ကြန့်ကြာကာ ၁၉၉၃၌ ပြီးစီးခဲ့သည်။ တံတားမှာ ရထားလမ်း၊ ကားလမ်းနှစ်မျိုး သုံးတံတားအမျိုးအစားဖြစ်ပြီး မီတာ ၁,၈၀၀ကျော်ရှည်လျားသည်။
ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ လျှော့ရန်တံတား၏ သက်တမ်း ကြာမြင့်လာပြီဖြစ်၍ သန်လျင်တံ တားအမှတ် (၁)၏ပေ၁၄၀အကွာ တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တံတားအသစ်တစ်စင်းထိုးရန် စီ စဉ်လျက်ရှိသည်။

No comments:
Post a Comment