Sunday, June 19, 2016

အစိုးရသစ်လက်ထက်တွင် လအလိုက်သက်တမ်းရှိ ချေးငွေစာချုပ်များသာ ထုတ်ရောင်းမည်ဟုဆို


Saturday, June 18, 2016

အစိုးရသစ်လက်ထက် တွင် အစိုးရငွေတိုက် စာချုပ် (Bond) များအစား လပိုင်းသက် တမ်းရှိ အစိုးရချေးငွေစာချုပ်များ သာ ထုတ်ရောင်းမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

ယခင်အစိုးရအဆက်ဆက် က နှစ်အလိုက် သက်တမ်းရှိသည့် ငွေတိုက်စာချုပ် ရောင်းချခြင်းဖြင့် အများပြည်သူထံမှ ငွေချေးယူ ထားသည်မှာ ကျပ်ငွေ သုံးထရီလီ ယံခန့်ရှိနေပြီး ယခုအခါသုံးလ၊ ခြောက်လနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်များသာ ထုတ်ရောင်းရန်စီစဉ်နေသည်ဟု ဗဟိုဘဏ်ညွှန် ကြားရေးမှူးချုပ်က ပြောသည်။

‘‘အစိုးရလိုငွေ ပေါ်လာရင် အစိုးရချေးငွေအနေနဲ့ ရောင်းပေး ရတယ်။ နှစ်အလိုက် သက်တမ်း ရှိတဲ့ စာချုပ်တွေက အစိုးရသစ် မရောင်းခိုင်းသေးဘူး’’ဟု ဗဟို ဘဏ် ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အဆိုပါ လအလိုက် သက် တမ်းရှိ ချေးငွေစာချုပ်များကို ၀ယ်ယူလိုသူများက ၎င်းတို့လိုချင် သည့် အတိုးနှုန်းတင်ပြရပြီး ဗဟို ဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

ဗဟိုဘဏ်သည် အစိုးရငွေ တိုက်စာချုပ်များကို ရန်ကုန်မြို့ တွင် ၁၉၉၃ ဒီဇင်ဘာ ၁ ရက်၌ စတင်ရောင်းချပြီး မန္တလေးမြို့ တွင် ၁၉၉၄ ဇန်န၀ါရီ ၁ ရက်၌ရောင်းချခဲ့သည်။ ထိုသို့ရောင်းချရာတွင် ကျပ်တစ်သောင်းနှင့် ကျပ် တစ်သိန်းတန်ဖိုးရှိ ငါးနှစ် သက်တမ်းစာချုပ်များဖြစ်သည်။ ထို့နောက် ၂၀၁၀ တွင် ကျပ် ၁၀ သန်းတန်အစိုးရငွေတိုက်စာချုပ်များ ထုတ်ရောင်းခဲ့သည်။

အဆိုပါ အစိုးရချေးငွေစာ ချုပ်များအနက် ငွေတိုက်စာချုပ် များသည် ခြောက်လတစ်ကြိမ်အ တိုးရပြီး ကျန်စာချုပ်များသည်သက် တမ်းပြည့်မှ အတိုးရကြောင်း ဗဟိုဘဏ်မှ သိရသည်။ လ အလိုက်သက်တမ်းရှိ အစိုးရချေး ငွေစာချုပ်များကို ဗဟိုဘဏ်က တစ်လလျှင် နှစ်ကြိမ်ထုတ်ရောင်း နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ငွေတိုက် စာချုပ်ဈေးကွက်၌ အစိုးရက ရောင်းချသည့် ချေးငွေစာချုပ်များ သာရှိပြီး ပုဂ္ဂလိက ငွေတိုက်စာ ချုပ်များ ရောင်းချခွင့် မရှိသေး ကြောင်း အဆိုပါညွှန်ကြားရေးမှူး က ပြောသည်။

မြန်မာနိုင်ငံတွင် ငွေတိုက် စာချုပ်အရောင်းအ၀ယ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)နှင့် အာဆီယံ +၃ ငွေ တိုက်စာချုပ် ဈေးကွက်ဖွံ့ဖြိုးရေး (ABMI) တို့က ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်သည်။

7Day


No comments: