မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရမည်ဟု UNFC ဆို ------- -------- ----------
ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရမည်ဟု UNFC ဆို
------- -------- ----------
ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြသ၁နာကြောင့် ပေါ်ပေါက်နေသည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ပြီး ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲနိုင်မည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဖေဖော်ဝါရီ ၁၂ ရက် ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရစ်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာစေရေး ၀ိုင်းဝန်းကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းကြောင်းလည်း သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။
တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ မျှော်မှန်းသည့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အ၀ရှိသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ခြင်းဖြင့် အနှစ်သာရ ပြည့်ဝသော ပြည်ထောင်စုနေ့ကို ပုံဖော် ထုဆစ်ကြရမည်ဟုလည်း ဖော်ပြထားသည်။
ထို့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ဖြင့် စုစည်းထားသည့် ပြည်ထောင်စုကြီးမှာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြားတွင် ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်ဖြင့် သန္ဓေတည်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အဆိုပါ သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် တိုင်းပြည်တွင် ယနေ့ထိတိုင် ပြည်ထောင်စု အနှစ်သာရ ပျောက်ကွယ်နေပြီး၊ နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင် ကြုံတွေ့နေရဆဲပင် ဖြစ်ကြောင်း၊ ပင်လုံသဘောတူညီချက်၏ အနှစ်သာရ ပျောက်ကွယ်နေသည့် အခင်းအကျင်း အောက်ရှိ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ ဆိုသည်မှာလည်း အလွန်ပင် အကျည်းတန် အရုပ်ဆိုးလွန်းလှသည်ဟု UNFC ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment