မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
"ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်"
"ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်"
ရဲဘော်တို့ . . .
ရဲဘော်တို့ မေးစရာစကားရှိတယ်။ တကယ်လို့ ဒီအကြီးမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ
ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလို မတရားတဲ့ အကြီးမှူးတွေရှိရင် ရဲဘော်တို့ အပေါ်မှာလည်း တည်တယ်။ ဥပမာ-မတရားတဲ့ အကြီးအမှူး တစ်ယောက်က ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုး အကျိုးနှင့်မပတ် သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ တရား၊ မတရား နိုင်ငံနှင့် အမျိုးမှာ အကျိုး ရှိ၊ မရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီးအမှူး တစ်ယောက်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။
(ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားပွဲစစ်ဝန်ကြီး
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment