မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ဓားထိုးခံရ အခင်းဖြစ်ရာ နေရာတွင် သေဆုံး ++++++++++++++++++++++
တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ဓားထိုးခံရ
အခင်းဖြစ်ရာ နေရာတွင် သေဆုံး
++++++++++++++++++++++++++++++++++++++++++++++++
တောင်ငူ၊ ဖေဖော်ဝါရီ ၁၃ ။ ။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ တွင် ဖေဖော်ဝါရီ ၁၂ရက်နေ့ ညပိုင်း ၁၀နာရီခွဲအချိန်ခန့်က ကင်းဆိပ်ကျေး ရွာ အုပ်ချုပ်ရေးမှူးက ရွာသားတစ်ဦးမှ အရက်မူးလာသည့်ကို တွေ့ရှိ၍ အိမ် သို့ပြန်အိပ်ရန် ပြောကြားလိုက်သည်ကို မကျေနပ်သဖြင့် အသင့်ပါလာသော ဓားဖြင့် ထိုးသတ်ခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ် ကြောင့် ဓါးဖြင့်ထိုးသူကို အရေးယူပေးပါရန် သေဆုံးသူ ၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၂)နယ်မြေ ရဲစခန်း(ပ)၀၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထား ရှိကြောင်းသိရသည်။
TLWC
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment