Saturday, February 13, 2016

သမ္မတဘယ်သူဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ်ပါ

သမ္မတဘယ်သူဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ်ပါ ကိုဖိုးအေးတွင် တက္ကသိုလ်ကျောင်း တက်စဉ်က လက်သုံးစကားတစ်ခွန်း ရှိသည်။ ''မနက်ဖြန် ဘယ်သူသမက် ဖြစ်ဖြစ်'' ဆိုသဗျ။ သူသည် စားစရာရှိလျှင် တစ်ထိုင်တည်း အကုန်စားလေ့ရှိသည်။ သောက် စရာရှိလျှင်လည်း ဘယ်သူ့အတွက်မှ ချန်ထား လေ့မရှိ။ သို့ပေမယ့် လုပ်စရာရှိလျှင်တော့ ''မနက်ဖြန် ဘယ်သူ့သမက်ဖြစ်ဖြစ်''ဆိုသော စကားကိုပင် သုံးကာမလုပ်ဘဲ နေလေ့ရှိပါ သည်။ ထိုလုပ်ရပ်ကို မြင်တာကြာလာတော့ မနေနိုင်သည့် ကျွန်တော်က ''ကိုဖိုးအေး .. ခင်ဗျားလက်သုံးစကားက ဘာအဓိပ္ပာယ်လဲ ဗျ''ဟုမေးတော့ သူက ''ဖြစ်သင့်ဖြစ်ရာဆိုတာ နဲ့ သိပ်မကွာပါဘူးကွာ။ မနက်ဖြန်အတွက် မစဉ်းစားဘူးဆိုတဲ့ သဘောပေါ့''ဟု သူက ရှင်းပြသည်။ ဆိုတော့ ကျွန်တော်က ''အဲတော့ ခင်ဗျား က စားစရာ၊ သောက်စရာတွေကျတော့ မနက် ဖြန်အတွက် မချန်ဘူး။ လုပ်စရာကျတော့ မနက်ဖြန်ရောက်မှ ဘယ်သူလုပ်လုပ်ဆိုတဲ့ သဘောပေါ့''ဟုပြန်ထောက်တော့ သူက ''ဒါ ပေါ့ကွ''ဟု အားရပါးရ ထောက်ခံအတည်ပြု ပေးလိုက်သည်။ ကျွန်တော်သည် ကိုဖိုးအေးနှင့်အတူ အ ဆောင်တစ်ဆောင်တည်းမှာနေခဲ့ပြီး တက္က သိုလ်ကျောင်းပြီးသည်အထိ မိတ္ထီလာမြို့တွင် ရှိနေခဲ့သည်။ သူသည် အလုပ်ကိုပင် မနက်ဖြန် အတွက် ချန်ထားလေ့ရှိခြင်းမဟုတ်ဘဲ ကျက် စရာ၊ မှတ်စရာ၊ ဖတ်စရာသင်ခန်းစာများကို လည်း မနက်ဖြန်အတွက်ချန်ထားလေ့ရှိနေ ပြန်ပါသည်။ အဆုံးတွင်မူ သူသည် ပထမနှစ် ကျောင်းသားဘဝနှင့်ပင် နိဋ္ဌိတံသွားခဲ့ရသည်။ သူ့အတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူသည်ပြောမရဆိုမရနှင့် နားချဖို့ခက်ခဲသော ကျွန်တော့်အချစ်ဆုံးမိတ်ဆွေဖြစ်ပါသည်။ ယခုတော့ အိမ်ထောင်ပြုပြီးသကာလ သူ့ရဲ့လုပ်စရာရှိသည်များကို မနက်ဖြန်အတွက် ချန်မထားတော့ဘဲ အနာဂတ်ကို ကြိုတင်စီမံ ဖြတ်သန်းလျက်ရှိကြောင်း သိရပါသည်။ သူ့ အတွက် ဝမ်းသာမိကြောင်းနှင့် သားသမီးမြေး မြစ်များမှသည် အိမ်ထောင်ရေးသုခကို အ ပြည့်အဝစံစားနိုင်ပါစေကြောင်း သတင်းပါးဖြစ် ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အလည်တစ်ခေါက် အဖြစ် နယ်အရပ်ကိုပြန်ဖြစ်ခဲ့ရာ နယ်ကအ ပေါင်းအသင်းမိတ်သင်္ဂဟများနှင့်ဝိုင်းဖွဲ့ကာ တိုင်းရေးပြည်ရာများကို ဆွေးနွေးဖြစ်ခဲ့ပါသည်။ အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က တင်မြှောက်မည့်သမ္မတက ဘယ်သူ ဖြစ်မလဲလို့ သူတို့သိချင်နေကြပါသည်။ သူ တို့ပင် သိချင်တာတော့မဟုတ်ပါပေ။ ကျွန် တော်တို့လို သတင်းလောကသားတွေအပါ အဝင် ပြည်တွင်းပြည်ပနိုင်ငံရေးစောင့်ကြည့် လေ့လာသူများ၊ နိုင်ငံတကာခေါင်းဆောင်များ သည်လည်း ဒေါ်အောင်ဆန်းစုကြည် တင် မြှောက်မည့်သမ္မတအမည်ကို သိချင်နေကြ ပါသည်။ အတန်အသင့် သို့မဟုတ် အတန်အသင့် ထက်ကျော်လွန်သော တွေးခေါ်စဉ်းစားသုံး သပ်Óဏ်ရှိကြပါသော အနှီနိုင်ငံရေးသမား များ၊ နိုင်ငံတကာခေါင်းဆောင်များသည်ပင် နိုင်ငံတော်သမ္မတလောင်းအမည်ကို ဒီလောက် သည်းသည်းလှုပ် သိချင်၊ ကြားချင်နေကြပြီ ဆိုမှတော့ ကျွန်တော်တို့နယ်အရပ်မှ ရပ်သူ ရပ်သားများ သိချင်ကြ၊ ကြားချင်ကြသည်ကို အပြစ်မဆိုသာဟုတွေးမိပါရဲ့။ ဒါကြောင့်လည်း ကျွန်တော်သိသမျှအတိုအထွာလေးတွေကို ချိတ်ဆက်ပြီး သူတို့ကိုဖောက်သည်ချခဲ့ပါသည်။ အစက ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်မည်။ နောက် ဦးတင်ဦးမှတစ်ပါး အခြား မရှိ။ နောက်တော့ သူရဦးရွှေမန်းလို့ ဆိုကြ ပြန်။ အဲဒီနောက်မှာတော့ ပါမောက္ခဒေါက် တာအောင်ထွန်းသက်၊ ဦးဝင်းမြင့်၊ ဦးထင် ကျော်၊ ဒေါ်စုစုလွင်၊ ဒေါက်တာတင်မာအောင် စသည်ဖြင့် သမ္မတလောင်းအမည်များအ လီလီ ထွက်ပေါ်လာခဲ့ပြန်သည်။ တချို့ဗေဒ ပညာရှင်များကလည်း ဒေါ်အောင်ဆန်းစုကြည် တင်မည့်သမ္မတသည် ဘာနေ့နံနှင့်စသည့်သူ လို့ ဟောကိန်းထုတ်ကြပြန်သေးသည်။ ထိုသို့ အမျိုးမျိုးအလီလီဖြစ်တည်လာနေသော သမ္မတ လောင်းအမည်စာရင်းတွေကို ရှင်းရှင်းလင်း လင်းအတည်ပြုပေးဖို့ ကြိုးစားလာသည့် သ တင်းဌာနတွေနှင့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်အလုပ်အမှုဆောင်တို့ အချေအတင် စကားများရသည်အထိ ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် က ''အချိန်တန်ရင် သိရပါမယ်''ဟုပြောလိုက် မှပဲ ယင်းသတင်းများအဆုံးသတ်သွားခဲ့ရပါ သည်။ ဟုတ်ပါသည်။ ထိုအချက်ကိုကျွန်တော် ကလည်း လက်ခံပါသည်။ ''အချိန်တန်ရင်သိ ရမှာပေါ့၊ သမ္မတအမည်သိလို့ ခင်ဗျားတို့၊ ကျွန် တော်တို့အတွက် ဘာများထူးပြီးအကျိုးရှိမ လဲ''ဟု မိတ်ဆွေတွေကို မေးခွန်းထုတ်လိုက် ပါသည်။ ပြီးတော့ အဓိက ကျွန်တော်တို့သိဖို့ လိုသည်က ကျွန်တော်တို့နားလည်ထားဖို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏သမ္မတသည် မည်သူပင်ဖြစ်စေကာမူ ထိုသမ္မတသည် ပါတီ ခေါင်းဆောင် ဖြစ်ချင်ဖြစ်၊ မဖြစ်လျှင်လည်း ထို သူသည် ပါတီ၏မူဝါဒများ၊ လမ်းစဉ်များအ တိုင်း တိုင်းပြည်ကိုစီမံအုပ်ချုပ်ရမည်သာဖြစ် သည် မဟုတ်ပါလားဟု ကျွန်တော်က ဆက် ပြောသည်။ အဆုံးသတ်မှာတော့ အဓိကကျွန်တော် တို့အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့် တာဝန်ကိုယ်ကျေကြဖို့ အရေးကြီးသည်ဟုလည်း အကြံပြုခဲ့ပါသေးသည်။ တစ်ယောက်က ''တို့ က ဘာလုပ်နေလို့လဲဟ''ဟု ဝါးလက်စကွမ်း ကို ဘေးသို့ထွေးထုတ်ပြီး ကျွန်တော့်ကို မေး ခွန်း ပြန်ထုတ်ပါသည်။ ကျွန်တော်ကလည်း မဆိုင်းမတွပင် ''ခင်ဗျားတာဝန်ဆိုတာ အဲဒါ ကို ပြောတာ။ ခင်ဗျားထွေးထုတ်လိုက်တဲ့ကွမ်း တံတွေးကြောင့် ပတ်ဝန်းကျင်အလှပျက်သွား ပြီ။ ဟောဟိုမှာ ဟိုလူ့ခြေထောက်ကိုပါ တံ တွေးတွေ စင်သွားသေးတယ်။ ပြန်သုတ်ပေး မှာလား''ဟု ပြောပစ်လိုက်ပါသည်။ ''ဒါလေး က မဖြစ်စလောက်တာဝန်ပဲရှိသေးတယ် ကိုယ့် လူ''။ ဒီနေရာမှာ တစ်လက်စတည်းပြောချင် တာလေး ရှိပါသည်။ ကွမ်းစားကြသော မိတ် ဆွေအပေါင်းတို့ခင်ဗျာ ကွမ်းစားခြင်းကြောင့် ရရှိသော အကျိုးတရားလေးကို တစ်နေ့မှာ ဆယ့်ငါးမိနစ်ခန့်အချိန်ပေးပြီး စဉ်းစားဖွေရှာ ကြည့်ပါလားလို့။ ဖတ်ဖူးမှတ်ဖူးသလောက် ဖောက်သည်ချရလျှင် ကွမ်းစားခြင်းကြောင့် ဆီးကျောက်တည်ခြင်းနှင့် ကင်ဆာအမျိုးမျိုး တို့သာ ဖြစ်ပေါ်လာခဲ့သည်ဟု ဆင်ခြင်မိပါ သည်။ လာမည့်အစိုးရသစ်လက်ထက်မှာ သူ့ မူဝါဒအရ မြို့ပြ၊ ကျေးလက်သန့်ရှင်းသာယာ ရေးလုပ်ငန်းတွေကို စီမံလာပြီဆိုပါဆို့။ ကွမ်း မစားရနေရာများသတ်မှတ်၊ ကွမ်းစားပါက ကွမ်းတံတွေးကို ဘယ်လိုထွေးရမယ် ဘာတွေ ဆောင်ထားရမယ်စသဖြင့်များ လမ်းညွှန်ချက် တွေထုတ်ပြီး အရေးယူလိုက်မည်ဆိုက ခင် ဗျားတို့ ကျွန်တော်တို့အားလုံး လက်ခံလိုက် နာဖို့ အဆင်သင့်ဖြစ်နေကြပါပြီလားဟုဆိုချင် ပါသည်။ ဒါကြောင့် ကျွန်တော်ကတော့ မနက်ဖြန် သမ္မတ ဘယ်သူဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ့် လုပ် ကိုယ့်ဝမ်းစာကိုယ်ရှာ၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ်ထိန်းသိမ်းဖို့သာ စဉ်းစားနေမိပါသည်။ ခေတ်အဆက်ဆက် ဆိုးရွားလှသည့်ပညာရေး စနစ်ကြောင့် ကျွန်တော်တို့တွေ ကြီးပြင်းခဲ့ရ သည့်ပတ်ဝန်းကျင်တွင် တကယ့်ကျောင်းသား တစ်ယောက်၏ အခွင့်အရေး၊ တကယ့်ဆရာ ဆရာမတစ်ယောက်၏ အခွင့်အရေးတွေဆုံးရှုံး ခဲ့ရသည်။ ဒီအခွင့်အရေးတွေကို အစိုးရသစ် က ဘယ်လိုပုံစံဖြင့် ပြန်ပေးမလဲဟုသိချင်မိ သည်။ ဒီလိုပဲ။ ခေတ်အဆက်ဆက် ဆုံးရှုံးခဲ့ပါ သော ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အ လုပ်အကိုင်အခွင့်အလမ်းတွေကို အစိုးရသစ် က ဘယ်လိုပုံစံ ဘယ်လိုမူဝါဒတွေနဲ့ ကုစား ပေးမလဲဆိုသည်များက သမ္မတနာမည်ထက် အရေးကြီးသောအရာများသာ ဖြစ်နေသည်။ ကျွန်တော်တို့ဘက်ကလည်း ကောင်းမွန်သော လမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်ကြီးလျှောက် လှမ်းပါမည်ဆိုသော အစိုးရသစ်၏ လုပ်ငန်း စဉ်များအပေါ် ဆူးငြောင့်ခလုတ်တွေလို မထိ ခိုက်မပျက်ပြားစေဖို့ ဂရုတစိုက်နေထိုင်ဆောင် ရွက်သွားရပါလိမ့်မည်။ ကျွန်တော်တို့စကားပြောနေခိုက်မှာပင် ကိုဖိုးအေးတစ်ယောက် စိုက်ထိုးစိုက်ထိုးဖြင့် ရောက်လာသည်။ ''စကားတွေ ကောင်းနေ ကြလားဟေ့''ဟု သူကလှမ်းပြောသည်။ ကျွန် တော်တို့ထဲမှတစ်ယောက်က ကျွန်တော်ပြော သမျှထဲမှတချို့ကိုကောက်နုတ်ပြီး သူ့ကိုပြန် ပြောပြတော့ ကိုဖိုးအေးက လက်ခံသည်။ ''ဒါတော့ ဟုတ်တယ်ဗျ။ မိန်းမရပြီးက တည်းက အားလုံးကကျုပ်တာဝန်ချည်းပဲ။ အခု ကလေးကရနေပြီ။ နားရတယ်လို့ကို မရှိပါဗျာ။ ကိုယ့်အလုပ်နဲ့ကိုယ်။ တခြားဘာမှ စိတ်ဝင် စားလို့မရတော့ဘူး''ဟု ကိုဖိုးအေးက ပြော သည်။ ကျွန်တော်က ''ဒါနဲ့ ကိုဖိုးအေး၊ ခင် ဗျားလက်သုံးစကားအတိုင်း..''ဟု ပြောတော့ သူက လက်ကာပြသည်။ ပြီးမှ ''မနက်ဖြန် ဘယ် သူသမက်ဖြစ်ဖြစ် လုပ်လို့မရတော့ဘူး။ ကိုယ် လုပ်မှကိုယ်ရတာ''ဟု သူက ပြောပါသည်။ ကျွန်တော်တို့အားလုံး ကိုယ့်တာဝန်ကိုယ် ကျေကြရေး ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့လား ခင်ဗျာ။ မောင်သာစည် (Yangon Times Journal, 12-6)

No comments: