Tuesday, February 16, 2016

TNLA ကို သစ္စာဖောက်လိုက်တဲ့ KIA ==========================

TNLA ကို သစ္စာဖောက်လိုက်တဲ့ KIA
==========================

ဒီနေ့ TNLA အဖွဲ့ဝင် ၅၀ ဦးဟာ RCSS/SSA အဖွဲ့ထံကို
လာရောက် ပူးပေါင်းခဲ့ပါတယ် ...

TNLA အဖွဲ့ဝင်တွေ ပြောဆိုချက်တွေအရ  သူတို့ကို ထောက်ပံ့နေတာ
KIA ဖြစ်တယ်လို့ အတိအလင်း ပြောပြသွားပါတယ် ....

သူတို့အဖွဲ့တွေကို RCSS/SSA ကို တိုက်ဖို့အတွက် KIA က အဓိက
ကူညီနေပါတယ် ...  လူအင်အားကိုလည်း ကူညီတယ် ...  လက်နက်
ခဲယမ်း ကိုလည်း ကူညီတယ် ...

တစ်နေ့တော့  TNLA အဖွဲ့ဝင်တွေဟာ ညောင်ပင်လှရွာ ရွာအနီးမှာရှိတဲ့
RCSS/SSA ကို သွားတိုက်ဖို့ အမိန့်ရပါတယ် ...   လိုအပ်တဲ့ အကူအညီကို
ပေးမယ်လို့ KIA ဘက်က ပြောတော့  သူတို့တွေ RCSS/SSA ရှိတဲ့
ညောင်ပင်လှရွာအနီးကို လာရောက်ခဲ့ပါတယ် ...

လမ်းခုလပ်မှာ နှစ်ဖက်တွေ့ဆုံ တိုက်ပွဲဖြစ်ပြီး ကစဥ့်ကလျားနဲ့
ထွက်ပြေးခဲ့ရတယ် ...  ပါလာတဲ့ အိုင်ကွန်ဖုန်းနဲ့ အထက်ကို
ချိတ်ဆက်ပြီး အကူအညီတောင်းပေးမယ့် အကူအညီက
ရောက်မလာခဲ့ဘူးလို့ ပြောပါတယ် ...

ဒီလိုမျိုး ၃ ကြိမ်လောက် ခံစားခဲ့ရဖူးတယ်လို့ ပြောပြပါတယ် ...

တိုက်ပွဲတိုင်းမှာ TNLA ကို ထိပ်ကနေထားပြီး တိုက်ခိုက်ခိုင်းပြီး
အရေးနိမ့်နေရင် စစ်ကူကို မလွှတ်ပေးဘူးလို့ ပြောပြပါတယ် ...

အခုလည်း သူတို့အနေနဲ့ RCSS/SSA ထံကို လာရောက်ပူးပေါင်း
တာပါ ..  နောက်ထပ်လည်း  ပူးပေါင်းမယ့် အဖွဲ့ဝင် ရှိနေသေးတယ်လို့
ပြောပါတယ် ...

-
-
-
-
-
တပ်ကြပ်ကြီး ဖိုးစီ
( ဓာတ်ပုံ - TNLA အဖွဲ့နဲ့အတူ ပါရှိသည့် လက်နက်ခဲယမ်းများ

No comments: