Tuesday, February 16, 2016

ဘိန်းခင်းတွေကို ဖျက်ဆီမယ့်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေး အဖွဲ့လမ်းခရီးမှာ ပိတ်ပင်ခံရ ==================

ဘိန်းခင်းတွေကို ဖျက်ဆီမယ့်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေး
အဖွဲ့လမ်းခရီးမှာ ပိတ်ပင်ခံရ
===========================
၁၆..၂..၁၆
-
ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ်အတွင်းက ချီဖွေ၊ ကန်ပိုင်တီမြို့နယ်ရှိ ဘိန်းခင်းတွေကို ဖျက်ဆီမယ့် လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို ဆဒုံး နှင့် ချီဖွေလမ်းခွဲတွင် အထက်အမိန့်ရဟုဆိုကာ တပ်မတော် နှင့် ရဲတွေက ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
-
” ကျွန်တော်တို့ ဆဒုံဘက်က ဘိန်းခင်းတွေကို ဖျက်ဖို့ အတွက် အဖွဲ့ တွေခွဲပြီး တစ်ကြောင်းပြီးတစ်ကြောင်း သွားဖို့ စီစဉ်ထားတာ။ ရဲတပ်ဖွဲ့ နဲ့  တပ်မတော်က သွားလို့ မရဘူးဆိုပြီးတားကြတယ်။
-
ဘာဖြစ်လို့ တားတယ်ဆိုတာကိုတော့ မသိကြဘူး။ အခုကျွန်တော်တို့ 
အဖွဲ့ ဝင်တွေက ဆဒုံဘက်တစ်ကြောလုံးမှာ ပိတ်မိနေပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က ရအောင်သွားဖို့ ဆုံးဖြတ်ထားတယ်။
-
သွားနိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ အဖွဲ့  စီစဉ်နေတယ်”
လို့ လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဝင် ဦးမရမ်ဂျာလက ပြောပါတယ်။
-
အစိုးရစစ်တပ် နှင့် ရဲများကဖြတ်သန်းသွား လာခွင့်မပေးသဖြင့် ဆဒုံး
နှင့် ချီဖွေလမ်းခွဲတစ်လျှောက်မှာ လူဦးရေ ၁၃၀၀ခန့် ပိတ်မိနေပြီး ဘိန်းခင်းတွေကို တိုက်ဖျက်ဖို့ သွာလာခွင့်ရတဲ့အခါမှာ လူအင့်အား
ထပ်တိုးသွားမှာဖြစ်တယ် လို့ ဦးမရမ်ဂျာလ က ဆက်ပြောပါတယ်။
-
အခုလို လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို တပ်မတော် နှင့်
ရဲတွေက ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ၀ိုင်းမော်
မြို့ နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
===========
Kumudra

No comments: