Tuesday, February 16, 2016

ပြည်တွင်းမီဒီယာအချို့က သတင်းတွေရေးချင် လိုချင်ပေမယ့် အပျင်းထူချက်ကတော့ ကမ်းကုန်ပဲ စစ်သတင်းတွေရချင်ရင် နည်းနည်းတော့ရင်းရဲရမှာပေါ့ မရင်းရဲရင်လည်း ရေးမနေကြနဲ့ နယ်မြေမကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေကိုမှအားမနာ သူများတွေ ကြည့်အုံး ကိုသိချင်တဲ့အကြောင်းအရာကို ကိုယ်တိုင်းတောတွင်းထဲ ဒုက္ခခံပြီးလာယူနေကြတာ ပြည်တွင်းမှာနေပြီး social media ပေါ်က အခြေအမြစ်မရှိတဲ့သတင်းတွေကို ဘာအတည်ပြုချက်မှမရှိဘဲနဲ့ ထပ်ဆင့် ရေးသားနေကြတာဟာမိုက်မဲလွန်းရာကျပါတယ်။

ပြည်တွင်းမီဒီယာအချို့က သတင်းတွေရေးချင် လိုချင်ပေမယ့်
အပျင်းထူချက်ကတော့ ကမ်းကုန်ပဲ စစ်သတင်းတွေရချင်ရင်
နည်းနည်းတော့ရင်းရဲရမှာပေါ့ မရင်းရဲရင်လည်း ရေးမနေကြနဲ့
နယ်မြေမကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေကိုမှအားမနာ သူများတွေ
ကြည့်အုံး ကိုသိချင်တဲ့အကြောင်းအရာကို ကိုယ်တိုင်းတောတွင်းထဲ
ဒုက္ခခံပြီးလာယူနေကြတာ ပြည်တွင်းမှာနေပြီး social media ပေါ်က
အခြေအမြစ်မရှိတဲ့သတင်းတွေကို ဘာအတည်ပြုချက်မှမရှိဘဲနဲ့ ထပ်ဆင့်
ရေးသားနေကြတာဟာမိုက်မဲလွန်းရာကျပါတယ်။

ရှိသမျှသတင်းတွေအကုန်မှားတယ်လို့မဆိုလိုပါဘူး ဒါပေမဲ့ သတင်းဌာနကြီး
တွေအနေနဲ့တော့ မိမိကြောင့်အဖွဲ့ပြဿနာသေးသေးလေးကနေ လူမျိုးရေး
ပြဿနာဖြစ်သွားနိုင်တဲ့ ဘယ်ကိစ္စရပ်ကိုမဆို အထူးပဲ ဆင်ခြင်ဖို့ကောင်းပါတယ်။

၁။ လက်နက်ကိုင်တစ်ခုက ဆက်ကြေးကောက်နေတယ်လို့ သတင်းတက်လာတယ်ဆိုပါစို့
မိမိကိုယ်တိုင် ဒီသတင်းကိုရေးတော့မယ်ဆိုရင်တော့ အရင်ဆုံးဘယ်လက်နက်ကိုင်လည်းဆိုတာသေချာသိဖို့မယ် လေ့လာရမယ် အကြောင်းအမျိုးမျိုးကြောင့် မသိရသေးရင်တော့ "အမည်မသိ" လက်နက်ကိုင်လို့ မဖြစ်မနေ ဖြည့်စွက်
သုံးနှုန်းရမယ်။

၂။ ဘယ်ရွာသားတွေကို ဘယ်လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်လိုက်ပြီလို့
သတင်းတက်လာရင်ဒါအရေးကြီးပြီ ဘာသက်သေမှမရှိတဲ့သတင်းကိုထပ်ဆင့်မရေးမိဖို့နဲ့ ရေးရင်လည်း ဥပမာ "စွတ်စွဲ"ထားတယ်လို့ဆိုတဲ့ အသုံးအနှုန်း
ကိုတော့ မဖြစ်မနေထည့်ရေးဖို့လိုလိမ့်မယ် ဒါမှာသာလျှင် သတင်းဖက်
ဖို့စောင့်နေတဲ့ပြည်သူတွေ အဖြေမှန်းကိုရလာတဲ့အထိ ချင့်ချိန်ပြီးနေကြ
လိမ့်မယ် သတင်းမီဒီယာတွေအနေနဲ့လည်း အပြစ်မရှိတော့ဘူးပေါ့
မဟုတ်ရင်တော့ ပြဿနာတွေကိုမီးမွှေးပေးနေတဲ့မီဒီယာတွေဘဲလို
့ ပြည်သူတွေမြင်ကုန်မယ် ရှေ့တန်းတွေမှာသတင်းယူချင်ရင်တိုင်းရင်းသား
တပ်တွေရဲ့သတင်းဌာနတွေရှိတယ် ဆက်သွယ်ရမယ့်ဖုန်းနံပတ်တွေ
လည်းရေးထားတယ်သတင်းရယူမယ့်သူရဲ့ လုံခြုံရေးပိုင်းလည်းတာဝန်ပေး
မယ်လို့ ပြောထားပြီးသား ကြောက်တတ်ရင်တော့ မလာနဲ့ သတင်းမရေးနဲ့
ကိုယ့်အိမ်မှာကိုနေပြီး ကဗျာတွေသာထိုင်ရေးကြ ဟုတ်ပြီလား ။☺☺

Soldiers Memory

No comments: