Wednesday, February 17, 2016

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နေရာအား တောင်းဆိုသည့်အတွက် တပ်မတော်နှင့် NLD အကြား တင်းမာမှုများ ရှိနေဆိုသော သတင်းကို တပ်မတော်မှငြင်းဆို

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နေရာအား တောင်းဆိုသည့်အတွက် တပ်မတော်နှင့် NLD အကြား တင်းမာမှုများ ရှိနေဆိုသော သတင်းကို တပ်မတော်မှငြင်းဆို Wednesday, February 17, 2016 ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နေရာအား တပ်မတော်မှ တောင်းဆိုသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ့တပ်မတော် အကြား နှစ်ဖက်တင်းမာမှုများ ရှိနေဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ့တပ်မတော်ဘက်မှ ငြင်းဆိုလိုက်သည်။ အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ့တပ်မတော် အကြားတွင် တင်းမာမှုများ၊ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း မီဒီယာများတွင် ယခုရက်ပိုင်းအတွင်း ဖော်ပြခြင်းများနှင့် ပက်သက်၍ မြန်မာ့တပ်မတော်မှ ယင်းကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်သို့ မေးမြန်းခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော် အကြားတွင် ဆွေးနွေးပွဲရလဒ်များ ကောင်းမွန်နေပါကြောင်း၊ ပြင်ပတွင် ပြောဆိုနေသော ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် နေရာကို တပ်မတော်မှ တောင်းဆိုသည့်အတွက် နှစ်ဖက်တင်းမာမှုများ ရင်ဆိုင်နေရသည် ဆိုသည်မှာ မဟုတ်မှန်ပါကြောင်းနှင့် ယင်းကဲ့သို့ ရေးသားနေခြင်းများမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်ရှိနေသည်ကို မရှုစိမ့်မနာလိုသူတို့က ပြောကြားခြင်း၊ သတင်းလွှင့်ခြင်း ဖြစ်သည်ဟု ထင်ပါကြောင်း တပ်မတော် အကြီးတန်း အရာရှိ တစ်ဦးက Tomorrow ဂျာနယ်သို့ ပြန်လည်ဖြေကြားချက်များအရ သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော်အကြား သဘောထားနှင့် ပတ်သက်၍လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ “တပ်မတော်ဆိုတာ ကျွန်မ ဖေဖေကိုယ်တိုင် တည်ထောင်ခဲ့တာပဲ။ ပြည်သူချစ်တဲ့ အဖွဲ့အစည်းဖြစ်အောင် ပံ့ပိုးပေးမှာ။ ဒါမှ ပြည်သူလုံခြုံမယ်။ ကျွန်မအနေနဲ့ ၀ါဒဖြန့်ချိမှုတွေမှာ ပြောဆိုနေသလို တပ်မတော်က ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်တဲ့ ဆန္ဒမရှိဘူး။ အရေးယူဖို့ ပြဿနာရှာဖို့ ရည်ရွယ်ချက်လည်း မရှိဘူး”ဟု ၂၀၁၅ အောက်တိုဘာ ၂၄ ရက်တွင် ပြည်သူများအား တရားဝင် ပြောကြားခဲ့ပြီးဖြစ်သည်။ Tomorrow

No comments: