မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
NLD ဦးဆောင်တဲ့ လွတ်တော် အသစ်မှာ မီဒီယာတွေ သတင်းယူခွင့် နဲ့ ပတ်သက်ပြီး အရင်ကထက် များစွာ ကန့်သန့်လိုက်တော့.... သတင်းထောက် လောကမှာ စီစီညံအောင် ဝေဖန်သံတွေ ထွက်လာကြပါတယ်..... ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD
NLD ဦးဆောင်တဲ့ လွတ်တော် အသစ်မှာ မီဒီယာတွေ သတင်းယူခွင့် နဲ့ ပတ်သက်ပြီး အရင်ကထက် များစွာ ကန့်သန့်လိုက်တော့.... သတင်းထောက် လောကမှာ စီစီညံအောင် ဝေဖန်သံတွေ ထွက်လာကြပါတယ်..... ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာရင်တော့... မီဒီယာတွေ ဓာတ်ပုံရိုက်လို့ရတဲ့ အခန်းကို ပြန်ဖွင့်ပေးမှာပဲလို့ မျှော်လင့်ထားကြတဲ့ သူတွေလည်း အံ့သြ မှင်တက်သွားခဲ့ကြတယ်….
ဖြစ်စဉ်ရဲ့အစ…
ဖြစ်စဉ်ရဲ့ အစကတော့ ဒီလိုပါ….
ဒုတိယအကြိမ် လွတ်တော် ပြန်စတဲ့နေ့က ပြည်တွင်းပြပ သတင်းထောက်ပေါင်း ငါးရာကျော် တက်ရောက် သတင်းယူခဲ့ကြပါတယ်... ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါ တစ်ပွင့်ထဲ ဆိုသလို….
ဓာတ်ပုံ ရိုက်သူ လူတစ်ရာကျော်မှာ အရိုက်ခံရမဲ့ လူက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းပါ..... အဲဒီတော့ အားလုံးက တိုးကြ ဝှေ့ကြ ရိုက်ကြတာဟာ အသက်ခုနှစ်ကျော် အရွယ်ရှိနေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အဆင်မပြေတာ အမှန်ပဲဗျ….
အဲဒီတော့ ဒီကိစ္စကို ဘယ်လို အဖြေရှာကြမလဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ တွေ့ဆုံပွဲ နောက်နေ့ ညနေ့ပိုင်းမှာ သူမ ရုံးထိုင်တဲ့ လွတ်တော်ဝင်းထဲက တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကော်မရှင် ရုံးခန်းမှာ လုပ်ခဲ့ပါတယ်….
အဲဒီတုန်းက ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စကား အနည်းငယ် ပြောခွင့်ရခဲ့ပါတယ်….
ကျွန်တော် တင်ပြ အကြံပြုခဲ့တာတော့….. Pool ကိစ္စရယ် မီဒီယာစီမံခန့်ခွဲမှု ကိစ္စရယ်ဖြစ်ပါတယ်…. အချိန်အကန့် ရှိတာမို့ အဲဒီတုန်းကတော့ ရှည်ရှည်ဝေးဝေး ပြောချိန် မရပါဘူး... ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောသွားတကတော့ Pool သဘောတူတဲ့ ပုံမျိုး ရှိပြီး အချင်းချင်း ပြန်ညှိကြဖို့ ပြောပါတယ်.... မီဒီယာစီမံခန့်ခွဲရေး ပိုင်းကိုတော့ သတင်းထောက်တွေရယ်… NLD ရယ် လွတ်တော်ရုံးရယ် လွတ်တော်လုံခြုံရေး ရဲတပ်ဖွဲ့ရယ် ညှိနှိုင်းကြဖို့ ပြောသွားပါတယ်…
အရှည်ပြန်ရှင်းပြရင်တော့..
Pool ဆိုတာကတော့.... အားလုံးကိုယ်စား ဓာတ်ပုံ သတင်းထောက် တစ်ယောက် ရုပ်သံ တီဗီသမား တစ်ယောက်က အနီးကပ် ရိုက်ကူးခွင့်ရရှိရေး ဖြစ်ပါတယ်….
နိုင်ငံတကာမှာလည်း အရေးကြီးတဲ့ ပွဲတွေမှာ ဒီလိုပဲ ကျင့်သုံးပါတယ်.... သမ္မတ ကျမ်းသစ္စာကျိန်ဆိုချိန်မှာ လူသုံးလေးရာ ပြုံတိုးရိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး…. အဲဒီမှာ အားလုံးကိုယ်စား စိတ်ချယုံကြည်ရတဲ့ ဓာတ်ပုံ သတင်းထောက်နဲ့ TV သတင်းထောက်က ရိုက်ပေးပြီး အကုန်လုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဖြန့်ဝေပေးတာ မျိုးကို ဆိုလိုတာပါ...
နောက်တစ်ခုက မီဒီယာစီမံခန့်ခွဲမှု ကိစ္စ….
ဒီနေရာမှာတော့ အားမနာတမ်း ဝေဖန်ရရင် NLD ကိုယ်တိုင်ရော ခေတ်အဆက်ဆက် အစိုးရ ကိုယ်တိုင်ရော... မီဒီယာ စီမံခန့်ခွဲမှု ကိစ္စမှာ တော်တော် လေးညံ့ဖျင်းပါတယ်.... အဲလို ညံ့ဖျင်းလို့လည်း သတင်းထောက်တွေ တိုးဝှေ့ ဓာတ်ပုံရိုက်နေရတာပါ….
ဥပမာ အနေနဲ့ ပြောရရင်
သမ္မတ အိုဘာမား မြန်မာပြည်ကိုလာပါတယ်..... ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့နေ့က ပြည်တွင်းပြည်ပ သတင်းထောက်ပေါင်း အနည်းဆုံး သုံးရာနဲ့ လေးရာကြားရှိပါတယ်.... ဒါပေမယ့် ဘယ်သူမှ တိုးကြိတ်စရာ မလိုပါဘူး... အကုန်လုံး အေးအေးလူလူ ရိုက်လို့ရပါတယ်….
ဘာလို့လဲဆိုတော့ မီဒီယာ စီမံခန့်ခွဲမှု ကျွမ်းကျင်လို့ပါ…. လုံခြုံရေးယူတဲ့ အဖွဲ့က သတ်သတ်ပါ... မီဒီယာ စီမံခန့်ခွဲတဲ့ အဖွဲ့က သီးခြားပါ….
အိမ်ဖြူတော်က မီဒီယာ စီမံခန့်ခွဲရေး အဖွဲ့ လုပ်သွားတဲ့ ပုံက ရှင်းရှင်းလေးပါ.... အိမ်ဖြူတော်က ပါလာမဲ့ သတင်းထောက်တွေရယ်... မြန်မာပြည်က အားလုံးကိုယ်စား pool ရိုက်ပေးမဲ့ လူတွေရယ်ကို အနီးကပ် ရိုက်ခွင့်ပေးပါတယ်..... အရှေ့က အခွင့်ထူးရထားတဲ့လူတွေ ရိုက်နေလို့ အနောက်က လူတွေ ရိုက်မရ ဖြစ်နေမှာလည်း ပူစရာ မလိုပါဘူး.... အနောက်မှာ အဲဒီထက်မြင့်တဲ့ ခုံတန်းကြီးတွေ ချပေးထားပါတယ်…
စလာကတည်းက ကြိုတင် အသိပေးထားပါတယ်... အိုဘားမားက ဘယ်နားက ဆင်းလာမယ်... ဒေါ်အောင်ဆန်းစုကြည်က ဘယ်နားက လာကြိုမယ်.... ဘယ်နားလေးမှာ မီဒီယာတွေကို လက်ရမ်းပြမယ်... အဲဒါပြီးရင်အစည်းဝေးခန်းမထဲ ဝင်သွားမယ်.... ခန့်မှန်း ကြာချိန် ဘယ်လောက်ရှိနိုင်တယ်..... (ပုံတွေ ပို့ရင်ပို့လို့ရအောင်လို့ ခန့်မှန်းကြာနိုင်ချိန်ကို တွက်ပေးထားတာ) အဲဒါပြီးရင် ဘယ်အချိန် နောက်ဆုံးထားပြီး သတင်းစာရှင်းလင်းပွဲလုပ်မဲ့နေရာမှာ နေရာ ကြိုယူရမယ်….
အစရှိသဖြင့်ပါ….
ကျွန်တော်တို့ဆီမှာတော့ အဲလို ဟုတ်ဘူး.... မီဒီယာ စီမံခန့်ခွဲတဲ့ သီးသန့် လူမရှိဘူး... လုံခြုံရေးကပဲ သူထင်သလို နေရာမှာ နေရာချတယ်... ဥပမာ ပြောရရင်…. လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင် အနုပညာ ပွဲတော်လုပ်တယ်... ဒေါ်အောင်ဆန်းစုကြည်လာမယ်….
မီဒီယာတွေ ဓာတ်ပုံရိုက်ပို့ ပေးထားတာက ဆုပေးစင်ရဲ့ ဟိုးညာဘက်ဆုံးချောင်ထဲမှာ.... ကဲဘယ်လို ဓာတ်ပုံရိုက်ကြမလဲ.... ပေးထားနေရာက ဓာတ်ပုံမှ ရိုက်မရတာ သတင်းတွေက အပြင်ထွက်ရိုက်ကြရော.... အဲဒီတော့ ဘာဖြစ်လဲ... သတင်းထောက်တွေ စည်းကမ်းမရှိဘူး ဖြစ်ရော…..
ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်လာတယ်….
ဦးသိန်းစိန်နဲ့ သမ္မတ အိမ်တော်မှာတွေ့တယ်.... မြန်မာပြည်က သတင်းထောက်တွေ တစ်ယောက်မှ ဝင်မရဘူး... ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ဘက်က သတင်းထောက် တစ်ရာကျော်ပါလာတော့ နေရာမရှိတော့လို့တဲ့…. ကောင်းရော….
နောက်တော့ MICC ကိုလာတယ်...ကိုယ်တွေ မြန်မာပြည်က သတင်းထောက်တွေကို လုံခြုံရေးက ဟိုဘက် မောင်းပို့ ဒီဘက် မောင်းပို့လိုက် ဓာတ်ပုံပေးရိုက်ရမလား မပေးရမလား သူကိုယ်တိုင်းလည်း မသိဘူး... အထက်က ညွန်ကြားထားတာလဲမရှိဘူးတဲ့….
ဂျပန်လာတဲ့ သတင်းထောက်တွေကျတော့ MICC ရဲ့ မြေပုံလေးနဲ့.... ဘယ်နားလေးကနေ သူတို့ ဝန်ကြီးချုပ်ဝင်လာမယ်... ဦးသိန်းစိန်က ဘယ်နားလေးကကြိုမယ်.... အဲဒီအချိန်မှာ ဓာတ်ပုံသမား ဘယ်နှစ်ယောက် တီဗီသမား ဘယ်နှစ်ယောက် အတွက် နေရာရှိတယ်...... နေ့လည်စာ စားပွဲမှာ... ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှန်ပိန် ခွက်တိုက်မယ်... ဓာတ်ပုံသမား ဘယ်နှစ်ယောက် တီဗီသမား ဘယ်နှစ်ယောက်က အနီးကပ် ရိုက်လို့ရမယ်….
အစရှိသဖြင့် တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွန်းတွေလာတယ်.... အဲဒီထဲက အတိုင်း သူတို့ ဓာတ်ပုံရတယ်... ဘာတိုးစရာ လိုတော့လို့လဲ……
ကိုယ်တွေဆီမှာက အဲလို မဟုတ်ဘူး….
လွတ်တော် ပြန်စတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ဒီလမ်းတိုင်းလာမယ်... သတင်းထောက်တွေ လျှောက်လမ်း ဆယ်ပေချန်ထား... သူက ဒီကြားထဲက ဖြတ်လျှောက်မယ်…. အားလုံးက စောင့်နေကြတာပေါ့….
ဝုန်းဆို တခါးပွင့်လာတော့ သတင်းထောက်တွေ အဆင့်သင့်စောင့်နေတဲ့ တံခါးက မဟုတ်ဘူး... တစ်ခြားတစ်ခါးပေါက်ကို ဘယ်သူက ခေါ်သွားလည်းမသိ..... အဲဒီတော့ မူလ အစီစဉ်တွေ ပျက်ပြီး ဝရုန်းသုန်းကား တိုးတာ ကြိတ်တာတွေ ဖြစ်ကုန်ကြရော.... ကိုယ်တွေ မြန်မာတွေ အချင်းချင်းက အဲလောက် မဟုတ်ပေမဲ့ နိုင်ငံခြားက လာတဲ့ သူတွေက သူတို့အားကြီးတွေ စွတ်တိုးတော့ မြန်မာပြည်က လုံခြုံရေးတွေခင်ဗျာ တောင့်မခံနိုင်ကြတော့ဘူး…..
နောက်ဆုံး အနှစ်ချုပ်ပြောချင်တာကတော့….
လွတ်တော်တွင်းမှာ သတင်းယူခွင့် ကတ်သတ်တယ်ဆိုရင်လည်း...... မလာရင်ပြီးရော ပိတ်ပင်တာထက်စာရင်... လူတိုင်း စည်းကမ်းတစ်ကျနဲ့ အိနြေ္ဒရေမပျက် ဓာတ်ပုံရိုက် သတင်းယူလို့ ရမဲ့ နည်းစနစ် တစ်ခု ဖြစ်လာဖို့.... လွတ်တော် ဘက်ရယ်… NLD ဘက်ရယ်... လုံခြုံရေး အဖွဲ့ရယ်... သတင်းထောက်တွေရယ် သေသေချာချာ ဆွေးနွေးသင့်ပါတယ်…
Eleven က ရေးထားတဲ့ အတိုင်းဆိုရင်တော့ အဲဒီဆွေးနွေးပွဲမှာ ဓာတ်ပုံ သတင်းထောက် တစ်ယောက်မှ ပါတာ မတွေ့ရဘူး.... အဲဒီတော့ ဓာတ်ပုံသတင်းထောက် မပါပဲ သူတို့ဘာသာ သူတို့ ဆွေးပြီး ထွက်လာတဲ့ ရလဒ်ကြီးက.... လွတ်လပ်ခြင်း အနုပညာ ပွဲတုန်းက မီဒီယာ နေရာ ပေးထားသလို ဒုံရင်းရင်း ဖြစ်နေဦးမှာပါပဲ….
ကျွန်တော်တို့ အဖို့ကတော့ လွတ်တော်ထဲက နေရာတိုင်း အပ်ကျမတ်ကျ လျှောက်သွားဖို့လည်း စိတ်ကူးမရှိပါဘူး.... ကင်မရာတွေ ကွန်ပျူတာတွေ ထမ်းရတာနဲ့တင်လေးလွန်းလို့.... မသွားရနယ်မြေ ကန့်သတ်ပါ လက်ခံပါတယ်... အဲလိုပါပဲ.... သေချာပေါက် ဓာတ်ပုံရိုက်လို့ရနိုင်မဲ့ နေရာလည်း ဖန်တီးပေးပါ ဒါပဲ….
Subscribe to:
Post Comments (Atom)
No comments:
Post a Comment