မသေသင့်ပဲသေခဲ့ရသော ၉နှစ်အရွယ်ကလေးမလေးကိုစာနာသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများ
လူကိုလူလူချင်းသတ်ဖို့ ပညာတွေသင်ထားတဲ့
သူတွေကို
သိရှိစုံစမ်းအရေးယူစေရန် ဝိုင်းရှယ်ပေးကြစေလိုသည်
ရန်ကုန် ကလေးဆေးရုံမှ တာဝန်ကျဆရာဝန်
ဆရာမများရဲ့လူမဆန် တာဝန်မလေးစားမှု
ကြောင့်မသေသင့်ပဲသေရသော
အသက်(၉)နှစ်အရွယ် သုံးတန်းကျောင်းသူလေး
မအိမြတ်မွန်
(၇ ၁ ၂၀၁၆) ရက်နေ့တွင်အသက်၉နှစ်အရွယ်
သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ
ချွှဲကြပ်ပြီး အသက်ရှုမဝဟုဆိုသဖြင့်
ရန်ကုန်ကလေးဆေးရုံကြီးသို့
တက်ရောက်ကုသခဲ့သည်
မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျဉ်ထောင်စုရပ်ကွက် ကျွန်းကလေးကျေးရွာ
မှာနေထိုင်ကြပါတယ်
ကလေးဆေးရုံကြီးမှာ တက်ရောက်စဉ်ကာလ
အတွင်း ကလေးဘာဖြစ်တယ် ဘာရောဂါဆိုတာကို မိဘများက
မေးသော်လည်း ဆရာဝန်များမှ
ဘာရောဂါဖြစ်သည်ဆိုတာကို မပြောခဲ့ပေ
မိဘများမှစိတ်ပူပြီး ဆရာဝန်မများကိုမေးသည့်
အခါတွင်တော့ ကလေးကအချိန်မရွှေး
သေမှာဟုသာ ဖြေကြားသည်ဟု
မိဘများကဆိုသည်
(၇ ၀၂ ၂၀၁၆) ည ၈နာရီ အချိန်တွင်
ကလေးမှာ နေမထိထိုင်မသာဖြစ်ပြီး
လှုးလိမ့်နေရာမှ ဆေးသွင်းထားသောပိုက်တွေ
အကုန်ပြုတ်ကုန်လို့ ဆရာမများကို
သွားခေါ်ပြရာမှ ဆရာမများရောက်လာပြီး
ဘာမှမဖြစ်ပါဘူးဟုဆိုကာ ပိုက်ပြန်တပ်ပြီး
ပြန်ထွက်သွားသည်ဟု ဆိုသည်
ဆရာမများထွက်သွားပြီးမကြာမှီမှာပင်
ကလေးမှာ အသက်ဆုံးသွားသည်ဟု
မိဘများကဆိုသည်
(၈ ၀၂ ၂၀၁၆) မနက်၈နာရီလောက်တွင်
အလောင်းကိုသယ်ရန်အတွက် မိဘဖြစ်သူများမှ
ဆရာမတို့ ဘယ်လိုအကူအညီပေးနိုင်မလဲလို့
မေးသော်အခါ ဆရာမများက
ဒီမှာထားခဲ့မလား သယ်မလားဟု
မေးသည်
နေရပ်ကိုပဲ ပြန်သယ်ချင်ပါတယ်လို့
မိဘများကပြောသောအခါ ဒါဆို
လက်မှတ်ထိုးဟု ဆရာမကလက်မှတ်ထိုးခိုင်းပါသည်
နောက်ပြီးဆရာမက ရှေ့အပေါက်ကမထွက်နဲ့ဟု
ဆိုကာ အရေးပေါ်လူနာများသယ်ဆောင်သည့်
နောက်ဖက်အပေါက်မှ ထွက်ခိုင်းသည်ဟု
ဆိုသည်
လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှ
လူနာမိဘများထံကို ပြန်မပေးလိုက်ပါ
(၈ ၀၂ ၂၀၁၆) နေ့လည် ၂နာရီလောက်တွင်
မိဘများနေအိမ် လှည်းကူးသို့
နယ်မှ ဆရာဝန် ဆရာမများရောက်လာပြီး
ဒီလူနာကို ဆေးရုံက ဆရာဝန်မှမဆင်းခိုင်းပဲ
ကိုယ့်သဘောနဲ့ ဆင်းသွားတယ်လို့
အထက်က အကြောင်းကြားလာလို့
လာတာပါဟုဆိုကာ လူနာမိဘများကို
ပြောပြီး လူနာအခြေအနေသက်သာလားဟု
မေးသည်
မိဘများမှာ ဆရာဝန်ကသေပြီပြောသဖြင့်
လက်မှတ်ထိုးပြီး ဆင်းလာခဲ့တဲ့အကြောင်း
ပြန်ပြောပြသည်
ဆရာဝန်များမှ အလောင်းကိုဓါတ်ပုံရိုက်ပြီး
ယူသွားသည်ဟု မိဘများကပြောသည်
အခု မအိမြတ်မွန်၏ အလောင်းခန္ဓာကိုယ်မှာ
အမည်းကွက်များနေရာအနှံ့ ထွက်ပေါ်နေသည်ဟု သိရပါသည်
မိဘများမှာ ရိုးသားလွန်းတဲ့အတွက်
ဘာမှ မသိနားမလည်ကြပါဘူး
၉ နှစ်သမီးလေးသာ ရှိသေးတဲ့
သုံးတန်းကျောင်းသူ မအိမြတ်မွန်အတွက်
မိဘများမှာ စိတ်မကောင်း ဝမ်းနည်းရုံမှတပါး
အခြားမရှိဖြစ်နေပါတယ်
တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာလူကြီးများ
ကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အခုလို
လူမဆန်တဲ့ သားသမီးချင်းကိုယ်ချင်းမစာတဲ့
ဆရာဝန်ယုတ်တွေကို စစ်ဆေးအရေးယူပေးကြပါလို့
စိတ်မကောင်းဝမ်းနည်းစွာနဲ့ တောင်းဆိုအပ်ပါတယ် ခင်ဗျာ
ကောင်းထက်
သထုံ နယ်စားလေး
No comments:
Post a Comment