သမ္မတလုပ်မယ်ကြွေးကြော်ခဲ့ပြီးမှ လွှတ်တော်အမတ်မဟုတ်ဘဲ လွှတ်တော်မှာ ကပ်နေရတဲ့ ဘဝ ရောက်သွားခြင်းက သစ္စာစူးခြင်းလား? (အပိုင်း-၂)
Saturday,February 13, 2016
၂၀၁၃ နှစ်ဆန်းပိုင်းကလည်း နိုင်ငံတော်သမ္မတရဲ့ လစာလျှော့ယူတဲ့
လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက် ညီကြောင်း အပြစ်တင်ဝေဖန်ခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်
နာယကဖြစ်ခါစ အချိန်မှာလည်း သမ္မတဦးသိန်းစိန်ရဲ့ ပုံရိပ်ကျဆင်းစေဖို့ ရည်ရွယ်ပြီး လယ်ယာမြေ သိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်
ရွက်ဖို့အတွက် အချက် (၆) ချက်ပါတဲ့ သဝဏ်လွှာတစ်ခု ပေးခဲ့ပါတယ်။ သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ပဲ မြေယာများကို ပြန်ပေး
စေလို ကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု
ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါ တယ်။
ဦးရွှေမန်းဟာ ၂၀၁၅ မှာ မဲရဖို့နဲ့ အတိုက်အခံနဲ့ ပြည်သူအချို့ဆီက
နာမည်ကောင်းရဖို့အတွက် လုပ်ဖော် ကိုင်ဖက် ဦးသိန်းစိန်ကို ဖိအားပေးရင်း နာမည်ကောင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးဟောင်း တစ်ဦး
ကတော့ ယခင်အစိုးလက်ထက်က မြေတွေသိမ်းတဲ့အလုပ်ကို ဦးရွှေမန်း
ဦးဆောင်ခဲ့တာလို့ ဆိုပါ တယ်။
“အဲဒီချိန်က ဦးသိန်းစိန်ဆိုတာ စစ်တပ်မှာ ဦးရွှေမန်းလောက် ဘာမှ လုပ်ပိုင်
ခွင့်ရှိတာမဟုတ်ဘူး.. ဦးသန်းရွှေ အနားယူရင် တပ်ချုပ် ဖြစ်မယ် သမ္မတဖြစ်
မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်း ပေါ့… ဦးသန်းရွှေ နဲ့
ဦးမောင်အေးတို့ အနားယူဖို့ ပြင်နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်
လူကြီးနှစ်ယောက်ကို မျက်နှာတွေ လုပ်ခဲ့တာပေါ့… အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ပြီး မြေ
လွတ်တွေ့သမျှ အကုန်သိမ်းခိုင်းခဲ့တာပဲ” လို့ ဆိုပါတယ်။
အောက်ခြေတပ်တွေက အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဆိုပြီး အကုန်သိမ်းခိုင်းတာဖြစ်ကြောင်း၊ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘဲ ဦးရွှေမန်းပိုင် ဆိုပြီး လည်း သိမ်းခဲ့တဲ့
မြေတွေ မနည်းကြောင်း ၎င်းက ဆက်ပြောပါတယ်။ ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချခဲ့တာပါ။
ဦးရွှေမန်းက ကိုယ့်အပြစ်ကို ကိုယ်လွတ်ရုန်းသွားပေမယ့် မြေသိမ်းပြဿနာကို လက်ရှိ စစ်တပ်အကြီး အကဲတွေက ဒိုင်ခံဖြေရှင်းနေရပါတယ်။ ဒါ့အပြင် တပ်မတော်ကို သစ္စာမဲ့ခဲ့တဲ့ တခြားကိစ္စတွေလည်း ရှိပါသေးတယ်။
ပထမအကြိမ်လွှတ်တော်အတွင်း ၅၉(စ) နဲ့ ပတ်သက်ပြီး မဲခွဲချိန်မှာ အခြေခံ
ဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့ တပ်မတော်ကို အပြောင်းအလဲ
မလိုလားသူများအဖြစ် လူထုအမုန်းခံရအောင်ဆိုပြီး အကွက်ချစီစဉ်ခဲ့ပါ
တယ်။ သတ်မှတ်ထားတဲ့ စက်ခလုပ်နှိပ်မဲခွဲစနစ်ကို မကျင့်သုံးဘဲ မက်တက်
ရပ်မဲခွဲဖို့ ဦးရွှေမန်းက စီစဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အထမမြောက်ဘဲ မဲပုံးထဲ မဲထည့်တဲ့ စနစ်ကို သုံးခဲ့ရပါ တယ်။ မိမိကိုယ်တိုင် တပ်မတော်မှာ
ဗိုလ်ချုပ်ကြီးအဆင့်ထိ နေခဲ့ဖူးပေမယ့် နေရာတစ်ခုရလိုမှုအတွက်
တပ်မတော်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။
မိမိနေခဲ့တဲ့ အဖွဲ့အစည်း နှစ်ခုလုံးကို နာမည်ပျက်အောင် လုပ်ခဲ့ရုံမျှမက
သေဖော်သေဖက် တစ်ကျောင်း တည်းထွက်တွေကို သစ္စာမဲ့မှုတွေ၊
နောက်ကျော ဓားနဲ့ အကြိမ်ကြိမ်ထိုးမှုတွေကြောင့် သံသရာ တစ်ပတ် လည်လာပြီဖြစ်ပါတယ်။ ကိုယ်ကျိုးအတွက် နေရာမြဲဖို့၊ လူထုဆီကမဲရဖို့ သစ္စာ
အကြိမ်ကြိမ် မဲ့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လူထုဆီကလည်း မဲမရ၊ နေရာလည်းပျောက်ကာ မကြာခင်မှာ အနာဂတ်ပါ ပျောက် ရတော့မယ့် အခြေ
အနေကို ရောက်သွားပါတော့တယ်။ ဝတ်ရုံအနက်ကြီးကိုခြုံကာ သမ္မတလုပ်
မယ်လို့ ကြွေးကြော်ခဲ့ပြီးမှ လွှတ်တော်အမတ်မဟုတ်ဘဲ လွှတ်တော်မှာ
ကပ်နေရတဲ့ ဘဝ ရောက်သွားခြင်းက သစ္စာစူးခြင်းလား၊ ဝဋ်လည်ခြင်းလားဆိုတာ စဉ်းစားစရာတစ်ခု ဖြစ်နေပါတော့တယ်။
Dr.Jupiter
သမ္မတလုပ်မယ် ကြွေးကြော်ခဲ့ပြီးမှ အမတ်လုပ်ခွင့်တောင်မရတော့ဘဲ လွှတ်တော်နောက်မှာ ခိုကပ် နေရတဲ့ဘဝကို ရောက်သွားခြင်းက သစ္စာစူးခြင်းလား…? (အပိုင်း-၁)
https://www.facebook.com/mmparliament/posts/681980325273973:0
No comments:
Post a Comment