မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 16, 2016
အမေရိကန်ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရန် မျော်လင့်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြော
အမေရိကန်ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရန် မျော်လင့်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြော
Tuesday, February 16, 2016
မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ်ကို အာဏာလွှဲပြောင်းမယ့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်တာကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုအားလုံးကို ချွင်းချက်မရှိ ရုပ်သိမ်းပေးသင်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပြောကြောင်း အမေရိကန်အခြေစိုက် VOA သတင်းက ဆိုပါတယ်။
ဝန်ကြီး ဦးရဲထွဋ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်နေတဲ့ အမေရိကန်- အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ဒုသမ္မတ ဦးဥာဏ်ထွန်းနဲ့ အတူ လိုက်ပါသွားတာဖြစ်ပါတယ်။
အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့သစ်ကို အာဆီယံနဲ့ အမေရိကန်က ဆက်ပြီးအကူအညီပေးဖို့၊ နောက်တခါ အမေရိကန်နိုင်ငံက ကျန်နေသေးတဲ့ပိတ်ဆို့မှုကိစ္စတွေကိုလည်း ဆက်ပြီးအမြန်ဆုံးရုတ်သိမ်းပေးဖို့ ကို ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် မတက်ရောက်တာနဲ့ပတ်သက်ပြီး အခုအချိန်ဟာ နူးညံသိမ် မွေ့တဲ့ အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်နေချိန်မှာ ပြည်တွင်းရေးတည်ငြိမ်ဖို့၊ ငြိမ်ဝပ်ပိပြားမှု အခြေအနေတွေ ထိန်းသိမ်းနိုင်ဖို့ သမ္မတကိုယ်တိုင်ရှိနေဖို့ လိုအပ်တာကြောင့် ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ပုံစာ- အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်(ဓာတ်ပုံ – ဦးရဲထွဋ် facebook)
ဧရာဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment