သူငယ်ချင်းက ၅၉ (စ) ပြင်သင့်လားမပြင်သင့်လားတဲ့ လာမေးတယ် ၊
ပြင်ပြင်မပြင်ပြင် ငါတို့ နဲ့မှမဆိုင်တာလို့ပြောတော့ သူက မင်းမြန်မာနိုင်ငံသားမဟုတ်ဘူးလား ၊ မင်းတို့လိုကောင်တွေကြောင့်ခက်တာတဲ့ ၊
ကျွန်တော်ပြန်မပြောဘဲနေမလို့ မပြောဘဲလဲမနေနိုင်တော့ မေးခွန်းလေးတွေသူ့ကိုပြန်မေးမိတယ်
သူကလည်းပြန်ဖြေပြီးမကျေမနပ်
နဲ့ပြန်သွားတယ် ၊
ကျွန်တော်မေးလိုက်တာက -
မင်းနဲ့ငါက ဘာလူမျိုးလဲဆိုတော့ မြန်မာတဲ့
မင်းအဖေအမေကကော မြန်မာ
မင်းမိန်းမကကော မြန်မာ
မင်းသားသမီးတွေကကော မြန်မာ
ဒါဆိုငါတို့အတွက် ပြင်ဖို့လိုလား မလိုဘူး
ဘယ်သူအတွက်ပြင်ဖို့လိုလဲဆိုတော့ မဖြေဘူး
ကျွန်တော်ဖြေပေးလိုက်တယ် မြန်မာမဟုတ်တဲ့သူတွေ အတွက် လိုတာလို့ ၊
စည်သူတင်စိုး
No comments:
Post a Comment