မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ရန်ကုန်ကားဈေးကွက်တွင် စလစ်ဈေးများ ယခင်ပေါက်ဈေးထက် ကျပ်ခြောက်သိန်းခန့် ပြန် လည်မြင့်တက် ++++++++++++++++
ရန်ကုန်ကားဈေးကွက်တွင် စလစ်ဈေးများ ယခင်ပေါက်ဈေးထက် ကျပ်ခြောက်သိန်းခန့် ပြန် လည်မြင့်တက်
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၇-ရန်ကုန် ကားဈေးကွက်တွင် စလစ်ဈေးများ ယခင်ပေါက်ဈေးထက်ကျပ်ခြောက် သိန်းခန့် ပြန် လည်မြင့်တက် လာ ကြောင်း ရန်ကုန်မြို့အခြေစိုက်မော် တော်ယာဉ်အရောင်းဝယ်ပြုလုပ်သူ များထံမှ သိရသည်။
လက်ရှိရန်ကုန် ကားဈေးကွက် တွင် အမည်ပေါက်စလစ်တစ်စောင် လျှင် ယခင် က ကျပ်သိန်း ၇၀ ဝန်းကျင် ရှိရာမှ ယခု ဖေဖော်ဝါရီလ ဒုတိယ ပတ်အ တွင်း စလစ်ဈေးနှုန်းများပြန် လည်မြင့်တက်လာကာ လက်ရှိတွင် ကျပ် ၇၆ သိန်း ဝန်းကျင်အထိရှိ ကြောင်း ကားဝယ်ရောင်း များထံမှ သိရသည်။
ယခင်က ကားတင်သွင်းသူများ အနေဖြင့် ၂၀၁၆ ခုနှစ် မူဝါဒကို စောင့် ဆိုင်းပြီး ၂၀၁၅ ခုနှစ်အတွင်း ကားတင်သွင်းရန် ပါမစ်ကြို တင် လျှောက် ထားမှုများ ခဲ့ကာ လက်ရှိတွင် ကားတင်သွင်းမှုများ ရပ်နားထားခြင်း ကြောင့် စလစ်လိုအပ်မှုနည်းလာကာ စလစ်ဈေးများ ကျဆင်းသွားခဲ့ပြီး လက်ရှိတွင် CIF တန်ဖိုးကိုနေပြည် တော်စီးပွားကူးသန်းမှ အကြမ်းဖျင်း ထုတ်ထားပြီး ကားတင်သွင်းခွင့်ပါ မစ်များလည်း လျှောက်ထားခွင့်ရနေပြီး ဖြစ်၍ စလစ်ဈေးများစတင်ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
သီရိမင်္ဂလာယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင် သူက''ပထမဆုံးချမှတ်လိုက် တဲ့ ၂၀၁၆ ခုနှစ်မူဝါဒကို ဖြေလျှော့ လိုက်တဲ့ အချိန်မှာ စလစ်ကပ်စရာ မလိုဘူးဆိုပြီး ကားဈေးနဲ့အတူ စလစ် ဈေးပါ လိုက်ပြီး ကျသွားတာ၊ ကားတင် သွင်းခွင့်မှမရတာ စလစ်က မလိုတော့ ဘူးလေ။ ဒါကြောင့် ဈေးကျသွားတာ၊ အခုက CIF တန်ဖိုးကလည်းက အ ကြမ်းဖျင်းထွက်နေပြီလေ''ဟု ပြော သည်။
လက်ရှိရန်ကုန်ကားဈေးကွက် တွင် ၂၀၁၆ ခုနှစ်အတွက် ကားမူဝါဒ များ ချထား မှု မှာ မတည်ငြိမ်သေးသော ကြောင့် အရောင်းအဝယ် ဘက် တွင် အေးစက်လျက်ရှိနေကြောင်း သိရ သည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဝါရင့်ကားဝယ်ရောင်းသူဦးကျော် က ''ကားဈေးတွေ ကျတယ်၊ စလစ် ဈေးတွေလည်း ကျနေတယ်၊ ဒါပေမဲ့ အရောင်းအဝယ်ကမဖြစ်ဘူး။ အေး နေတယ်''ဟု ပြောသည်။ လက်ရှိ ကားဈေး ကွက်တွင် ကား ပါကင်ထောက်ခံချက် များလည်း ဈေး မြင့် တက်လာကြောင်းသိရသည်။
ACKK
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment