Tuesday, February 9, 2016

ဒီမိုကရေစီ နိုင်ငံရေး အရ နိုင်ငံရေးလုပ်သူမှမဟုတ် ပြည်သူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်မှာ နိုင်ငံရေးပါတီ မိမိနှစ်သက်ရာ အားပေးထောက်ခံခွ

ဒီမိုကရေစီ နိုင်ငံရေး အရ နိုင်ငံရေးလုပ်သူမှမဟုတ် ပြည်သူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်မှာ နိုင်ငံရေးပါတီ မိမိနှစ်သက်ရာ အားပေးထောက်ခံခွင့်ရှိတယ် နိုင်ငံရေးခေါင်းဆောင် မိမိနှစ်သက်ရာအားပေးထောက်ခံခွင့်ရှိတယ် တနည်းဆိုသော် မိမိမနှစ်သက် မထောက်ခံသော နိုင်ငံရေးပါတီအား ထောက်ပြဝေဖန်ပြောဆိုခွင့်ရှိတယ် မိမိမနှစ်သက် မထောက်ခံသော နိုင်ငံရေးခေါင်းဆောင်အား ထောက်ပြဝေဖန် ပြောဆိုခွင့်ရှိတယ် နိုင်ငံရေးသဘောအရ အားပေးထောက်ခံသူ ရှိသလို ဆန့်ကျင်ကန့်ကွက်သူလဲ ရှိတယ် ယုံကြည်လေးစားသူရှိသလို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရွံမုန်းသူလဲရှိတယ် ဥပမာ - ဒေါ်အောင်ဆန်းစုကြည်အား အားပေးထောက်ခံယုံကြည်သူများအနေနဲ့ စစ်အစိုးရ ဦးသိန်းစိန် အစိုးရ တပ်မတော်ကို ရွံမုန်း ကန့်ကွက် ဆန့်ကျင်နေကြသလို တဖက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ကို ရွံမုန်း ကန့်ကွက် ဆန့်ကျင်သူများလဲရှိတယ် နှစ်ဖက်ဆန့်ကျင်ကြခြင်းတူပါသော်လဲ ပုပ်ခတ်ဝေဖန်မူအနေအထားအရ အထောက်အထား အချက်အလက် အကိုးအကားမပါ နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို အကြောင်းမဲ့ တိုက်ခိုက်မူ photo shop နည်းပညာဖြင့် ဂုဏ်သိက္ခာထိပါးစေမူအား သာမန်သဘောထားသေးသိမ်မူအနေအထားဖြင့် အရေးယူခြင်းသာ ဖြစ်သင့်ပါသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို အချက်အလက် အထောက်အထားဖြင့်ဝေဖန်နေခြင်းကို တရားစွဲဆိုခြင်း မပြုလုပ်သင့်ပါ မိမိအားထောက်ခံအားပေးသူသာ အလိုရှိပြီး ကန့်ကွက် ဆန့်ကျင်နေသူကို အရေးယူမည်ဆိုပါက ဒီမိုကရေစီ မဟုတ် အာဏာရှင်စနစ်သက်သက်သာ ဖြစ်ပါလိမ့်မည် သတ်ချင်တယ်ဆိုသည် လူငယ်တစ်ယောက် အကယ်၍ အမည်နာမ နဲ့တကွ ဒေါ်အောင်ဆန်းစုကြည် အား သတ်ချင်ပါတယ် လို့ ရေးသားဖော်ပြခဲ့ရင်တောင် လူငယ်တစ်ယောက်ကို ချည်းကပ်ကာ လူငယ်တစ်ယောက်ရဲ့ ထို အမုန်းတရား ဘာ့ကြောင့် ဘယ်ကနေ သန္ဓေတည်လာသလဲ သိအောင်ကြိုးစား အနီးကပ် အယုံသွင်း ပြုပြင်ကာ မဲဆွယ်သွားနိုင်မယ့် အရည်အချင်းရှိတဲ့ သဘောထားပြည့်ဝတဲ့ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးသမားတစ်ယောက် အဖြစ် ရပ်တည်သင့်ပါတယ် စစ်သား စစ်တိုက်လို့ သေတာမဆန်းပါဘူး ပြောနေတဲ့ ပါးစပ်တွေက နိုင်ငံရေးသမား ကို လုပ်ကြံမှာကျ အသေအလဲ ကြောက်နေကြသလို ဖြစ်နေတာ အရမ်းနုနယ်လွန်းပါတယ် စစ်သား စစ်တိုက်လို့ သေတာ မဆန်းသလို နိုင်ငံရေးသမား လုပ်ကြံခံရတာလဲ မဆန်းပါဘူး အဖြစ်သည်းမူတွေက တခါတလေ လူမုန်းများတဲ့ လုပ်ရပ်တွေဆိုတာ နိုင်ငံရေးသမားဆိုသူများနဲ့ ယုံကြည်မူကြောင့် ထောက်ခံနေပါတယ် ဆိုတဲ့ လူတစ်စု သိရင် ဆုံးရှုံးခြင်းမှန်း မသိ ဆုံးရှုံးနေတဲ့ ယုံကြည်မူတွေ ဘယ်တော့မှ ပြန်ရလိမ့်မည် မထင်နဲ့ လူတိုင်းမှာ သူ့ရပ်တည်ချက် သူ မှန်တယ်လို့ လွတ်လပ်စွာ တွေးခေါ် ထင်မြင်သုံးသပ် ပြောဆိုတတ်ကြပါတယ် ဒါကို ကောင်းကောင်းအသုံးချတတ်ရင် လူ့စွမ်းအားအရင်းအမြစ်ကြီးတစ်ခုကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ် လူတစ်ယောက်ရဲ့ ခေါင်းပဲညိမ့်တတ်တဲ့ ထောက်ခံမူကို သာလိုချင်ရင် သေချာတယ် မဲဆွယ်ပြီး ပြည်သူ့ဆန္ဒကောက်ယူပြီး အာဏာရှင်စနစ် အသက်သွင်းနေခြင်းသာ ဖြစ်ပါလိမ့်မယ် Nay Lin Aung

No comments: