Tuesday, February 9, 2016

ဘွဲ့ယူပြီး ပြန်လာသောကားဘီးပေါက်၍ ကားလမ်းဘေးထိုးကျ၊ (၂) နှစ်အရွယ် ကလေးအပါအ၀င် လူလေးဦးသေဆုံး

ဘွဲ့ယူပြီး ပြန်လာသောကားဘီးပေါက်၍ ကားလမ်းဘေးထိုးကျ၊ (၂) နှစ်အရွယ် ကလေးအပါအ၀င် လူလေးဦးသေဆုံး Tuesday, February 9, 2016 ညောင်ပင်ကြီး-ယင်းမာ ပင်ကားလမ်းဘေး ဖောင်းကား ကျေးရွာအနီးတွင် မုံရွာမှ ဘွဲ့ယူ ပြန်လာသည့် ဘုန်းကြီးကျောင်း ပိုင်ယာဉ်ငယ်တစ်စီးသည် ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ကားဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ သွားသဖြင့် လူလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆား လင်းကြီးမြို့နယ် မိုင်းနယ်မြေရဲစ ခန်းမှသတင်းရရှိသည်။ ‘‘ပုလဲမြို့နယ် မုံသွင်ရွာက နေ မုံရွာကို ဘွဲ့ယူသွားတာလို့ သိရတယ်။ ကားခေါင်းခန်းက ဆရာတော်နဲ့ ကားမောင်းတဲ့သူက လေအိတ်ပွင့်လို့ ဒဏ်ရာနည်း နည်းပဲရတယ်။ ကားနောက်ခန်း က လမ်းဘေးတမာပင်နဲ့ ရိုက်မိ လို့ ပွဲချင်းပြီး သေကြတာ’’ဟု ယာဉ်မတော်တဆဖြစ်စဉ်ကို ကူ ညီပေးခဲ့သော ဆားလင်းကြီးမြို့ နယ် ဖောင်းကားကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၂) နှစ်အရွယ်ကလေး ငယ်အပါအ၀င် လူသုံးဦးနေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် (၅၀)ကျော်အရွယ် လူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံသေဆုံး သွားကြောင်း သိရသည်။ ထို့အပြင် ဆရာတော်တစ် ပါးနှင့် လူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသ မှု ခံယူလျက်ရှိသည်။ အဆိုပါယာဉ်မတော်တဆ မှုနှင့် ပတ်သက်၍ ဆားလင်းကြီး မြို့နယ် မြို့မရဲစခန်းယာဉ် (ပ) ၃ /၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၃၃၇/၃၃၈ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သ တင်းရရှိသည်။ 7Day Daily

No comments: