မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 16, 2016
အာဆီယံသည် အာရှငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် ဗဟိုချက်ဖြစ် သည်ဟု အမေရိကန်-အာဆီယံ ထိပ်သီးအစည်း အဝေး၌ အိုဘားမားပြော ++++++++++++++++++++++++++++++++++++++
အာဆီယံသည် အာရှငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် ဗဟိုချက်ဖြစ် သည်ဟု အမေရိကန်-အာဆီယံ ထိပ်သီးအစည်း အဝေး၌ အိုဘားမားပြော
+++++++++++++++++++++++++++++++++++++++++++
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ။ ။အဓိကထိပ်သီးအစည်းအဝေး ၌ အမေရိကန် သမ္မတဘားရက်အို ဘားမားက အမေရိကန်-အာဆီယံဆက် ဆံရေးမှာအရေးပါကြောင်းပြောကြား လိုက်သည်။ ၎င်းကဆက်လက်၍ အာဆီယံဒေသသည် အာရှငြိမ်းချမ်း ရေးနှင့် ချမ်း သာကြွယ်ဝရေးအတွက် အဓိကကျကြောင်းပြောကြားလိုက် သည်။
သမ္မတတစ်ဦးအနေနဲ့ အမေရိ ကန်သည် ကမ္ဘာတစ်ဝန်းခြိမ်းခြောက် မှုများကို ဆန့်ကျင်ကြောင်း၊ မိမိတို့ ၏ နိုင်ငံခြားရေးမူဝါဒအရ အခွင့် အ ရေး သစ် များကို စွဲကိုင်သွားမည်ဖြစ် ကြောင်း၊ အာရှ-ပစိဖိတ်ဒေ သလောက် ၂၁ ရာစုအတွင်း အခွင့်အရေးရ သောနေ ရာမရှိကြောင်း အိုဘားမား က နှစ်ရက်တာကျင်းပမည့် အမေရိ ကန်-အာဆီယံထိပ်သီး အစည်း အ ဝေး၌ ပြောကြားလိုက်သည်။
ဆန်နီ လင်းမှာ ကာလီဖိုနီးယား အပန်းဖြေ မြို့ ဆန်နီလင်းဖြစ်သည်။ အစည်း အဝေးမှာ တနင်္လာနေ့နှင့် အင်္ဂါနှစ် ရက်ပြုလုပ်မည်ဖြစ်သည်။
အမေရိကန်ကို မိမိသမ္မတသက် တမ်းအစကတည်းက ဘာကြောင့် ပစိဖိတ်နိုင်ငံအဖြစ်သတ်မှတ်ခဲ့သ နည်းဆိုပါက မိမိတို့၏ နိုင်ငံခြားရေး မူဝါဒကို ပြန်လည်ထိန်းညှိရန်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း ကျယ်ပြန့် ၍ ရေရှည်လုပ်ဆောင် သွားရန်ဖြစ် ကြောင်းပြောကြား ခဲ့ သည်။
ဤပေါ်လစီတွင် အရှေ့တောင် အာရှအာဆီယံနှင့် ထိတွေ့ဆက်ဆံ မှုလည်းပါဝင်ကြောင်း၊ အာဆီယံ သည် ဒေသတွင်းငြိမ်း ချမ်းရေးနှင့် ကြွယ်ဝရေးအတွက် အချက်အချာ ကျကြောင်း၊ မိမိတို့၏ ဒေသဆိုင်ရာ ဖြစ်စဉ်ရည်မှန်းချက်များကို အတူ ဖော်ဆောင် သွား ကြရမည်ဖြစ်ကြောင်း နိုင်ငံအားလုံးက တစ်ခုတည်းသော ဥပဒေဖြင့် ဖော်ဆောင်သွားကြ ရမည် ဖြစ်ကြောင်း အိုဘားမားကပြောခဲ့ သည်။
သမိုင်းဝင်အစည်းအဝေးသို့ စင် ကာပူဝန်ကြီးချုပ် လီဆင်လွန်းနှင့်အ တူ အခြားနိုင်ငံမှ အာဆီယံခေါင်း ဆောင်များတက်ရောက် ခဲ့ကြသည်။ ဤအစည်းအဝေးမှာ အမေရိကန်၌ ကျင်းပသည့်ပထမဆုံးအာဆီယံထိပ် သီးအစည်းအဝေးဖြစ်သည်။ အစည်း အဝေး၌ ပုံသဏ္ဌာန်ကျစွာလုပ်ဆောင် မှုများစွာဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခု နှစ်က အိုဘားမားက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည့်နေရာ ဖြစ်သည်။
အစည်းအဝေးတွင် အိုဘားမား က အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် ရာသီဥတုပြောင်းလဲရေးကိစ္စအား ပြောကြားခဲ့သည်။ လွန်ခဲ့သောလက ဂျကာတာတွင် တိုက်ခိုက်ခံရမှုက မိမိတို့သတင်းအချက်အလက်များ မျှဝေရန်နှင့် ပူးပေါင်းဆောင် ရွက် ခြင်းဖြင့် ပြည်သူ များကို ကာကွယ် သွားကြရမည်ဟုပြောခဲ့သည်။ မိမိ တို့ ပဲရစ်မြို့၌ ရာသီဥတုပြောင်းလဲ ရေး ကိုဆွေးနွေးနေကြောင်း သန့်ရှင်း သောစွမ်းအင်နှင့် ဈေးပေါသောစွမ်း အင်ကိုတည်ထွင်သွားကြရမည်ဖြစ် ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တည်ထွင်ရန်လိုအပ်ကြောင်း အိုဘား မားကပြောခဲ့သည်။
အစည်းအဝေး၌ မိမိတို့ဒေသ ဆိုင်ရာဖြစ်စဉ်များအတွက် တိုးတက် ၍တူညီသောအမြင်များကို နိုင်ငံတ ကာဥပဒေနှင့် စံများနှင့်အညီ လုပ် ဆောင်သွားရမည်ဟု အိုဘားမားက ပြောခဲ့သည်။
Ref: Straits Times
Photo - AFP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment