Thursday, February 11, 2016

“ဧရာဝတီမြစ်အတွင်းရေဆင်းကူးသောကိုးတန်းကျောင်းသားသုံးဦးပျောက်ဆုံးနေ”

“ဧရာဝတီမြစ်အတွင်းရေဆင်းကူးသောကိုးတန်းကျောင်းသားသုံးဦးပျောက်ဆုံးနေ”
ဧရာဝတီမြစ်အတွင်းရေးဆင်းကူးသော ပြည်မြို့မှ ကိုးတန်းကျောင်းသား သုံးဦးပျောက်ဆုံးနေသဖြင့် ရှာဖွေရေးများ လုပ်ဆောင် လျှက်ရှိကြောင်း ပြည်မြို့မှ 7Day သတင်းထောက်ကသတင်းပေးပို့သည်။
ယနေ့( ဖေဖော်ဝါရီ ၁၁ရက် ) မွန်းလွဲ၂နာရီခန့်က ရေဆင်းကူးစဉ်ပျောက် ဆုံးသွားခြင်းဖြစ်ပြီးညနေ လေးနာရီကျော်သည်အထိရှာမတွေ့သေးပေ။         ရေနစ်ပျောက်ဆုံးလျှက်ရှိသည့် ကိုးတန်းကျောင်းသားများသည် ပြည်မြို့ အထက-၃ နဝမတန်း (ဒီ) အခန်းမှ ကျောင်းသားများဖြစ်ကြသည်။
သဲသောင်ပြင်တွင် ဘောလုံးကစားအပြီး ရေဆင်းကူးသူ ကျောင်းသားတစ်ဦးရေနစ်သည်ကို နှစ်ဦးကလိုက်ပါဆင်းဆယ်ရာမှ သုံးဦးစလုံးရေနစ်ပျောက်ဆုံး သွားခြင်းဖြစ်သည်။
ဓာတ်ပုံ - ဇော်မင်းထိုက်

No comments: