မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်ပြီး တာဝေးပစ် ဒုံးပျံ ပစ်လွှတ်ခဲ့တာကို တန်ပြန်အရေးယူတဲ့ အနေနဲ့ တောင်ကိုရီးယားက နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ စက်မှုဇုံက သူတို့ရဲ့ ကုမ္ပဏီတွေကို ပိတ်ပြီး ဝန်ထမ်းတွေကို ပြန်ခေါ်ယူနေပါတယ်။

ကေဆွန်း စက်မှုဇုံဟာ နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားနိုင်ငံ ဖက်ခြမ်းမှာ ရှိပါတယ်။ မြောက်ကိုရီးယားအစိုးရကလည်း သူတို့ဖက်မှာ လာအလုပ်လုပ်နေတဲ့ တောင်ကိုရီးယားတွေ အားလုံးကို နှင်ထုတ်ပစ်ပြီး တောင်ကိုရီးယားကုမ္ပဏီတွေပိုင်တဲ့ ပစ္စည်းတွေ လွှဲပြောင်းသယ်ယူခွင့် ပိတ်မယ်လို့ ကြေညာပါတယ်။
ရုတ်တရက်ကြီး စက်ရုံတွေပိတ်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အံ့သြမိတယ်လို့ စက်ရုံမန်နေဂျာတချို့က ဘီဘီစီကို ပြောပါတယ်။ ကေဆွန်းစက်မှုဇုံက ရတဲ့ တစ်နှစ်ဝင်ငွေ သန်းတစ်ရာလောက်ကို မြောက်ကိုရီးယားအစိုးရက လက်နက်ထုတ်လုပ်ရေးဖက်မှာသုံးနေတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး ဟောင်ယွန်ပြိုး ပြောပါတယ်။
ကေဆွန်းမှာ တောင်ကိုရီးယားစက်ရုံပေါင်းတစ်ရာကျော်ရှိပြီး မြောက်ကိုရီးယားအလုပ်သမား လေးသောင်းခွဲလောက် အလုပ်လုပ်နေကြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment