နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်သည့်
ပုဒ်မ ၅၉(စ)နှင့် ပတ်သက်ပြီး
တပ်မတော်ဘက်မှ
ဖွဲ့စည်းပုံအခြေခံ ဥပဒေတိုင်း ဆောင်ရွက်မည်
=========================
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်သည့်
ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး
တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားချိန်တွင်
တပ်မတော်သား ကိုယ်စားလှယ်
ဗိုလ်ချုပ်တောက်ထွန်းက ပြောကြားသည်။
"ဘယ်လိုပုံစံမျိုးပဲ လာလာ
ကျွန်တော်တို့ဘက်က ဖွဲ့စည်းပုံအခြေခံအတိုင်း
ဆောင်ရွက်မှာပါ"ဟု
ဗိုလ်ချုပ်တောက်ထွန်းက ဆိုသည်။
ဗိုလ်ချုပ်ကြီးဟောင်း
ဇေယျာသိရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက
၅၉(စ)နှင့် ပတ်သက်ပြီး
"အမျိုးသား အကျိုးစီးပွားအတွက်
ဆောင်ရွက်မယ်ပြောထားတဲ့အတွက် စဉ်းစားရမှာပေါ့၊
ကာယကံရှင် တွေဘက်က ၅၉(စ) နဲ့ ပတ်သက်ပြီး
တင်မယ်မတင်ဘူး
သေချာဘာမှတော့မသိရသေးဘူး"ဟု ပြောသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင်
၅၉(စ) ဆိုင်းငံ့မည့်အဆို တင်သွင်းမည့် သတင်းများ
ထွက်ပေါ် လျက်ရှိသည်။
(Xinhua)
မူရင်းလင့် - http://www.xinhuamyanmar.com/myanmar/politics-law-military/2945-2016-02-08-07-08-19#.Vrg_WHHXqEE.facebook
No comments:
Post a Comment