မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
(၁၅)နှစ်အရွယ် ကျောင်းသူလေးတဦးကို အဓမ္မပြုကျင့်မှုဖြင့် ဆွစ်ဇာလန် နိုင်ငံတွင် ထောင်ကျနေသော ဆီးရီးယားလူမျိုးတဦးက ထောင်အစောင့် အမျိုးသမီးတဦးကို သွေးဆောင်ပြီး သူနှင့်အတူ ထောင်မှ ထွက်ပြေးသွားခဲ့သည်။ အဆိုပါအမျိုးသမီးနှင့် အကျဉ်းသားတို့နှစ်ဦးသည် အိုင်အက်စ်စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းကြလိမ့်မည်ဟု စိုးရိမ်မကင်းဖြစ်နေကြောင်း
(၁၅)နှစ်အရွယ် ကျောင်းသူလေးတဦးကို အဓမ္မပြုကျင့်မှုဖြင့် ဆွစ်ဇာလန် နိုင်ငံတွင် ထောင်ကျနေသော ဆီးရီးယားလူမျိုးတဦးက ထောင်အစောင့် အမျိုးသမီးတဦးကို သွေးဆောင်ပြီး သူနှင့်အတူ ထောင်မှ ထွက်ပြေးသွားခဲ့သည်။ အဆိုပါအမျိုးသမီးနှင့် အကျဉ်းသားတို့နှစ်ဦးသည် အိုင်အက်စ်စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းကြလိမ့်မည်ဟု စိုးရိမ်မကင်းဖြစ်နေကြောင်း အဆိုပါထောင် အရာရှိ အမျိုးသမီး၏ခင်ပွန်းဖြစ်သူ ဗတ်ဆီလီမက်ဒီရှီ(၂၅)နှစ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဆွစ်ဇာလန်အကျဉ်းထောင်အရာရှိ မစ္စက်အန်ဂျလာမက်ဒီရှီသည် ဆီးရီးယားမုဒိမ်းသမားအကျဉ်းသား ဟတ်ဆန်ကီကိုဆိုသူနှင့် ထောင်ထဲတွင် အရူးအမူးချစ်ကြိုက်ပြီးနောက် ဟတ်ဆန်ကီကိုအား ထောင်မှ လွတ်မြောက်ရန် ကူညီခဲ့သည်ဟု ဆိုသည်။ မစ္စတာဗတ်ဆီလီသည် မစ္စက်အန်ဂျလာနှင့် ၂၀၁၄ ခုနှစ်ကလက်ထပ်ခဲ့ပြီး လွန်ခဲ့သောငါးလကစ၍ ဇနီးဖြစ်သူအမူအရာပြောင်းလဲလာမှုကို သတိပြုမိခဲ့သည်။ မစ္စက်အန်ဂျလာသည် ကက်သလစ်ဘာသာဝင်ဖြစ်သော်လည်း ကိုရမ်ကျမ်းကို စတင်ဖတ်ရှုလာတာ တွေ့ရကြောင်း၊ လွန်ခဲ့သော သုံးလကမူ သူမကခွဲခွာကြရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။
ဆီးရီးယားအကျဉ်းသား ဟတ်ဆန်ကီကိုသည် ၂၀၁၀ ခုနှစ်တွင် ဆီးရီးယားအစိုးရ၏ ထောင်ချအရေးယူမှု ကြောင့် ထွက်ပြေးလာကြောင်း အကြောင်းပြပြီး ဆွစ်ဇာလန်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခဲ့သည်။ ဆွစ်ဇာလန်တွင် ဆံပင်ညှပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေပြီး ၂၀၁၄ ခုနှစ်၌ ဇူးရစ်မြို့တွင် (၁၅)နှစ်အရွယ်ကျောင်းသူတဦးကို မတရားပြုကျင့်မှုဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရသည်။ မစ္စက်အန်ဂျလာသည် ထောင်တွင်းတာဝန်ကျ နေစဉ် ညသန်းခေါင် အချိန်၌ အခြားအစောင့်တဦးအိပ်ပျော်နေစဉ် ကီကိုကိုထောင်ထဲမှ ခေါ်ထုတ်သွား ခြင်းဖြစ်သည်။ မစ္စအန်ဂျလာသည် ကီကိုနှင့်စုံမက်ပြီး ကီကိုလွတ်မြောက်ရေးအတွက် အကွက်ချစီစဉ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဆွစ်ဇာလန်နိုင်ငံတွင်းမှ ထွက်ပြေးလွတ်မြောက်သွားပြီဟု ယူဆထားသည်။
ထွဋ်ဝင်းထွဋ်
Ref;Daily Mail
Subscribe to:
Post Comments (Atom)
No comments:
Post a Comment