မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
မော်လမြိုင်မြို့တွင် လင်မယားနှစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွား ++++++++++++++++++++++++++++++++++++++++++++++++
မော်လမြိုင်မြို့တွင် လင်မယားနှစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂-မော်လ မြိုင်မြို့ ဈေးကြိုဆန်တန်း၊ ခြံကြီးစု ရပ်တွင် လင်မယားနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ထွက်ပြေးသွားသည့် အမျိုး သမီးနောက်ကိုလိုက်ပါစဉ် ၎င်း လင်း မယားနှစ်ဦးစလုံးမှာ မြေသားရေ တွင်းထဲသို့ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးခဲ့သော ရန် မျိုးအောင် ၃၅ နှစ်နှင့် ရင်ရင်ခိုင် ၄၈ နှစ်တို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီခန့်တွင် ခြံကြီးလမ်းKing Myanmar ရေသန့် စက်ရုံအနီးရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရာမှ စကားများရန်ဖြစ်ကြရာ အမျိုးသမီး မှာယင်းနေရာအနီးတွင် ရှိသည့် ခြံ ဝင်းအတွင်း သို့ထွက်ပြေး စဉ် အမျိုး သားကနောက်မှလိုက်သဖြင့် ခြံအတွင်း တွင်ရှိသောအကျယ် ငါးပေပတ် လည် နှင့် ရေ အနက် ပေ ၂၀ ခန့်ရှိ မြေ သားရေ တွင်းဟောင်းတစ်ခုအတွင်း သို့နှစ်ဦး စလုံး ပြုတ်ကျမှုဖြစ် ပွား ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ချစ်သူစုံတွဲနှစ် ဦး ရေတွင်းထဲသို့ ခုန်ချ အဆုံးစီရင်သွားသည် ဟုပျံ့နှံ့လျက်ရှိသော် လည်း ယင်းကဲ့သို့ပျံနှံ့နေခြင်း မှာမဟုတ်မှန်ကြောင်းကို သက်ဆိုင်ရာ နယ်မြေအပိုင် မုပွန်ရဲစခန်းမှတာဝန် ခံစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးကဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော ကြားသည်။
''သမီးရည်းစားစုံတွဲခုန်ချတာ မဟုတ်ပါဘူး။ လင်မယားနှစ်ဦးက အခင်းဖြစ်တဲ့ညမှာ စကားများ ရန်ဖြစ်ကြတယ်။ မိန်းမဖြစ် သူထွက် ပြေးလို့ ယောက်ျား ကလိုက်ရင်း နှစ် ယောက် စလုံးရေတွင်း ထဲပြုတ်ကျ သွားတာပါ။ ရပ်ကွက်ကလာသတင်း ပို့လို့ ယနေ့နံနက် ၁၀ နာရီမှာသွား စစ်ဆေးတော့မှ ခြံကြီးလမ်းထဲက လင်းမယားဖြစ်နေတယ်''ဟု မုပွန် ရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်ဝမ်း လေးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ဖေဖော်ဝါရီ ၁၂ ရက်တွင်အ တည်ပြုပြောသည်။
လက်ရှိတွင် ယင်းပြုတ်ကျသေ ဆုံးမှုကို မုပွန်နယ်မြေရဲစခန်းက သေ မှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရ သည်။
''ညကစကားများရန်ဖြစ်ပြီး မိန်းမဖြစ်သူက ခြံထဲဝင်ပြေးတာကို ယောက်ျား က လိုက်တယ်။ ည ၉ နာရီ ကျော်အထိ ပြန်ထွက်မလာလို့ သူ့ မိသားစုက လိုက်ရှာသေးတယ်။ ည ဘက်လည်းဖြစ်တယ်။ သစ်ပင်တွေ နဲ့အုံ့ ဆိုင်းနေတော့ ပြုတ် ကျမှန်း လည်းမသိဘူးဖြစ်မယ်။ အခုမနက် ပိုင်းမှာ ဖိနပ်နှစ်ရံ အရင်ပေါ်လာပြီး မှ အလောင်းပေါ်တယ်သိရတယ်''ဟု မုပွန်ရပ်မှ အုပ်ချုပ်ရေးမှူး ဦးသန်း အောင်ကပြောသည်။
AZH
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment