Monday, February 8, 2016

စစ်ကိုင်း ၊ ဧရာဝတီ ၊ မန္တလေး နှင့် ကယား လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်

စစ်ကိုင်း ၊ ဧရာဝတီ ၊ မန္တလေး နှင့် ကယား လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ် ------- ------- ------- စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် NLD ပါတီမှ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်အနိုင်ရခဲ့သည့် ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးဘိုသန်းညွှန့် တို့ကိုရွေးချယ်တင်မြှောက်လိုက်သည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီမှ ဦးအောင်ကျော်ခိုင် နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးစံမင်းအောင်တို့ကို ရွေးချယ်တင်မြှောက်လိုက်သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် NLD ပါတီမှ ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ တွင်အနိုင်ရခဲ့သည့် ဦးအောင်ကျော်ဦးကို ရွေးချယ်တင်မြှောက်လိုက်သည်။ ကယားတွင် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပြုလုပ်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် NLD ပါတီမှ ဦးလှထွေး နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးတင်မြင့်တို့အား တင်မြှောက်လိုက်သည်။ သတင်း - ဇော်မင်းထွန်း The Ladies News Journal

No comments: