Saturday, September 14, 2013

မိဘမေတ္တာကြီးမာ

အဲဒီအမေကလေ အရမ်းချုပ်ချယ်တာပဲ ဟိုနေရာဆိုမသွားနဲ့ ဒီနေရာမသွားနဲ့ ဟိုဟာမလုပ်နဲ့ ဒါမလုပ်နဲ့တဲ့ အဖေလည်းတူတူပဲ ဘာမှမထူးဘူးတော်ပြီ လဖက်ရည်ဆိုင်ပဲသွားထိုင်တော့မယ် ကျွန်တော်လမ်းထိပ်က လဖက်ရည်ဆိုင်ကိုထွက်လာမိတယ် ကျွန်တော် လဖက်ရည်သောက်နေတုန်း ခွေးပိန်လေးတစ်ကောင်ကို ဘေးက ၀ိုင်းမှာတွေ့လိုက်တယ် သူတော်တော်ဆာနေတဲ့ပုံပဲ ဘေးဝိုင်းကကောင်လေးက ခွေးလေးကိုဆောင့်ကန်လိုက်တယ် သူတော်တော် အားနည်းနေတဲ့ပုံပဲ ဘိုင်းကနည်းလဲသွားတယ် ပြီးတော့ သူကျွန်တော်ရျေ့ေ၇ာက်လာတယ် ကျွန်တော်လည်း သနားလို့ အီကြာကွေးလေးတစ်ခြမ်းချကြွေးလိုက်တော့လေ သူကိုက်ပြီး လမ်းကြားလေးထဲဝင်သွားတယ် ခဏနေတော့ သူပြန်ရောက်လာတယ် သူမ၀သေးဘူးထင်လို့ကျွန်တော်ထပ်ကြွေးတော့ သူခုနကလိုပြဲပန်ဝင်သွားတယ် လမ်းကြားလေးထဲကို အဲလိုနဲ့ သူကတောင်းလိုက်ကျွန်တော်ကပေးလိုက်နဲ့ အီကြာကွေား သုံးချောင်းကုန်သွားတယ် ကျွန်တော်လည်း တော်တော်စိတ်ဝင်စားသွားတယ် ဒါနဲ့လမ်းကြားလေးထဲလိုက်ဝင်သွားတော့...... အို...........ခွေးသေးသေးလေးနှစ်ကောင်ပါလား အီကြားကွေးလေးတွေ မ၀ါးတတ်ဝါးတတ်နဲ့ဝါးလို့ ခွေးမပိန်သေးလေးကတော့ ကျွန်တော့ကိုကြည့်လို့ပေါ့ သူ မျက်လုံးထဲက အရိပ်တစ်ခုကိုကျွန်တော်တွေ့လိုက်တယ် ကျွန်တော်မျက်ရည်တွေဘယ်ကကျလာလဲမသိတော့ဘူး အမေ နဲ့ အဖေ မျက်နှာကို ကျွန်တော်မြင်ယောင်လာမိတယ် ပြီးတော့ ကျွန်တော်ခွေးလေးနှစ်ကောင်ကိုချီလိုက်ပြီး လမ်းလေးထဲကထွက်လာတယ် ခွေးမလေးကတော့ နောက်ကလိုက်လို့ပေါ့ အိမ်အ၀င်ဝရောက်ရင်ပဲ အမေက ဖေကြီးေ၇တော့သားတော့ပြန်လာပြီ လက်ထမြှာလည်း ခွေးနှစ်ကောင်နဲ့ နောက်မှာလည်းတစ်ကောင်ပါလာသေးတယ်တဲ့ ကျွန်တော် ပြုံးယုံပဲ ပြုံးမိတယ် ပြီးတော့ အမေသားပြီးမှပြောပြမယ်ခုတော့ သူတို့ကိုအစာကြွေးလိုက်ဥိးမယ်လို့ အမေ သားပြီးမှပြောပြပြီး အဖေနဲ့အမေ့ကို သားတောင်းပန်ပါမယ်အမေရယ် (မေ၇းတာကြာလို့ တော်ကြာအဝေးရောက်သားလေး ဆဲနေမှာစိုးလို့ ခိခိ) ကျေါး်ဇူးတင်လျက် ဖေမေ့သား ဖိုးပျားလေး

No comments: