Saturday, September 14, 2013

ဖော်ကောင်အောင်ကြီး

ခ်ခ်ခ်ခ် ဦးအောင် ကြီး ပြည်သူများသို့ ၀န်ခံ ပန်ကြားလွှာ ---------------------------------- ဘဏ်အကောင့် ငါးခုကတော့ ... ၁။ ဒေါ်အောင်ဆန်းစုကြည် ၂။ ဦးတင်ဦး ၃။ ဦးဝင်းတင် ၄။ ဦးဥာဏ်ဝင်း ၅။ ဦးအောင်ကြီး (ကျွန်ုပ် မိုးပြာ အောင်ကြီး) ကျွန်တော်တို့အားလုံးအား ထောင်ထဲသို့ထည့်ထားစဉ် ... နည်းလမ်းမျိုးစုံဖြင့် ကြီးပွားအောင်ကြိုးစားခဲ့ကြပါသည်။ မြစ်ဆုံ အား ကျုပ်တို့ ရောင်းစားကြပါသည်။ ကျောက်စိမ်း ၊ ရွှေ စသည့် လုပ်ကွက်များကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူ့သားများ မောင်ပိုင် စီး ..(ဦးပိုင်စီး ... စီးချင်ရာစီးကွာ ) လုပ်ကိုင်ခဲ့၍ အထူပင်အောင်မြင်စွာ စုမိဆောင်းမိ ရှိခဲ့ကြပါသည်။ ဓါတ်ငွေ့များလည်း ရောင်းစားပြီး ဖုန်းလိုင်းများကိုလည်း ပွဲစားခ ခပ်များများပေး၍ ပြည်သူများ သူဌေးဖြစ်စေရန် ဈေးကြီးကြီးဖြင့် ရောင်းချခဲ့ပါသည်။ လက်ပန်တောင်းတောင်ကိုလည်း မသိလောက်ဘူးထင်၍ ရောင်းထားမိပါသည်။ ဟိုအထက်ပိုင်း တကောင်းနားတွင်လည်း နီကယ်လ် ထွက်သောကြောင့် တကောင်းတောင်အား မသိမသာ တရုတ်အား ဖြိုခိုင်းနေပါသည်။ မပြီးသေး၍ လူသိမများစေချင်သေးပါ။ ထိုလုပ်ကွက်အား ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် မှ ဦးစီးလုပ်ကိုင်နေပါသည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် တို့ ခိုးဝှက်စားသောက်နေကြချိန်တွင် ... ဦးသန်းရွှေတို့စစ်အုပ်စုမှာ ပြည်သူ့အကျိုးကို အနစ်နာခံထမ်းဆောင်ရင်း သူ့မြေးဖြစ်သူပင်လျှင် ညှိုးငယ်စွာ လေယာဉ်ပျံဖြင့် ကျောင်းတက်ရရှာပါသည်။ သူ့သမီး မင်္ဂလာဆောင်လည်း အကျဉ်းရုံးပြီး အနည်းငယ်သော စိန်ပွင့်ကလေးများသာ ဆင်မြန်းနိုင်ခဲ့ပါသည်။ ပြည်သူများ မှာ ခွက်ပျောက်ပြီး ပြင်ပတွင် အိမ်ဖော်လုပ်သူ ၊ ကိုယ့်ကိုယ်ကို ရောင်းစားသူ ၊ ပြည့်တန်စာလုပ်ကိုင်သူ ... ကြုံရာကျပန်းလုပ်ကိုင်ရင်းဖြင့် သူများခွေးကိုတောင်မှ မဆဲရဲတဲ့ဘ၀ရောက်နေကြရပါသည်။ ထိုသို့ကြားသိရသည့်အတွက် အလွန်ပင်ဝမ်းနည်းသော်လည်း ကျုပ်တို့မှာ ထောင်ထဲတွင် ကိုယ်ကျိုးရှာပြီး စွန့်စား ရှာဖွေထားကြသည့် ကိုယ်ပိုင်ငွေများဖြစ်သဖြင့် အလွန်ပင်နှမြောလှပါသည်။ ကျုပ်အထက်မှ လူလေးဦးမှာ သူတို့ရှာဖွေသမျှ သူတို့ပိုက်ဆံများအား လူအသိမခံချင်၍ ထုတ်ဖော်မပြောလိုသော်လည်း ကျုပ်အောင်ကြီးမှာ ပြည်သူဘက်က ရပ်တည်လေ့ရှိသည့် ပြည်သူ့သားကောင်းပီပီ ထုတ်ဖော်ပြောဆိုလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ခမောက် ခိုးခံရပြီးသည့်နောက်ပိုင်းတွင် စိတ်ဓါတ်များ ပြောင်းလဲကာ ကုလားများကို ပိုအငြိုးထားခဲ့ပါသည်။ ကိုယ်တိုင် ခေါ်သွင်းပြီး မဲပေးခိုင်းခဲ့သည့်ကုလားများအား ရူးချင်ယောင်ဆောင်ကာ ကိုယ်တိုင်ပြဿနာပြန်ရှာနေပါသည်။ ထိုသို့ ပြည်သူအပေါ်လည်းမကောင်း လူတကာကိုလည်း အရူးလုပ် ... ခိုးထားဝှက်ထားသမျှလည်း လူသိမခံလိုသော ကျုပ်တို့ ငါး ဦးသည် ရာဇ၀တ်ကောင်များဖြစ်ကြပါသည့်အတွက် ထိုက်သင့်သလို အရေးယူနိုင်ရန် တင်ပြအပ်သည်။ .... ဖော်ကောင် အောင်ကြီး

No comments: