Saturday, September 21, 2013

လူငယ်တွေ မထောက်ခံတဲ့ဒေါ်စု

တစ်ချို့လူငယ်လေးတွေ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အတွက် ဘာတွေများ လုပ်ပေးပီးလို့တုန်းလို့ ပြောကြ မေးကြတယ်၊ အဲဒါနဲ့ ပတ်သတ်ပီးတော့ စိတ်ထဲ သပန က ဒုဝန်ကြီး တစ်ယောက်ကို ခုချိန်ထိမှတ်မိနေသေးတယ်၊ ကျောင်းသားဘဝ တုန်းကရော၊ ကျောင်းဆရာ ဘဝ တုန်းကရော ဒုဝန်ကြီးဆိုပီး မကြာခဏ လူတွေ့ မိန့်ခွန်းပြောလုပ်တတ်တယ်။ သူ့သား ဆေးကျောင်းသား ဆရာဝန်လောင်းကို မုန့်ဖိုး တစ်လလုံးမှ ၂၅ ကျပ်သာ ပေးကြောင်း၊ သူကိုယ်တိုင်လည်း အလုပ်ကို ဘယ်လိုကြိုးစားကြောင်း ကို လာတိုင်းပြော၊ ပြောတိုင်း ၃ ခေါက် ပြန်ကျော့တတ်လို့ ဝိုင်းဟားခဲ့ကြတယ်။ သူပြောတဲ့ထဲမှာ "ကျောက်ပန်းတောင်း GTI ဆောက်တုန်းက အဘက(ဝန်ကြီး ဦးသောင်းကို ခေါ်တာ) သတ်မှတ်ရက်ထက် စောပီးစေချင်တာဆိုလို့ သူကိုယ်တိုင်သွား မဆလာသယ်၊ အုတ်ထမ်း လုပ်ခဲ့ကြောင်း..." အဲဒါတွေပါတယ်၊ နေပြည်တော်မှာ သူနေတဲ့အချိန်တုန်းက ကိုပဲ ရုံးဘေး၊ အဆောင်ဘေး မြက်တွေရှင်းတာတို့၊ မာစတာတန်း ကျောင်းသူတွေ အဆောင်ပြောင်းတော့ သေတ္တာတွေ ဇွတ်ဝင်ထမ်းတာတို့ လုပ်တာကို ကြုံတိုင်းပြောကြ ဟားကြတာ သနားစရာတောင် ကောင်းပါတယ်။ တိုင်းပြည်ခေါင်းဆောင် တစ်ယောက် တိုင်းပြည်အတွက် အလုပ်လုပ်ပေးတယ်ဆိုတာ အဲလိုဟာမျိုးကို ဆိုလိုချင်ကြတာလားဗျာ၊ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဒေါ်စုက ထမီတိုတိုဝတ် ကောက်စိုက်ပြ၊ လယ်ထဲဆင်းပြ၊ လမ်းခင်းတဲ့ နေရာ ကျောက်ထုပြ၊ ကတ္တရာလောင်းပြ မှ တိုင်းပြည်အတွက် လုပ်တယ်လို့များ ယူဆထားသလားဗျာ။ အကြောက်တရားဆိုတာကို ပညာနဲ့ သတ္တိနဲ့ ဇွဲ လုံ့လနဲ့ ဘယ်လိုတွန်းလှန်ရတယ် ဆိုတာ ခိုင်ခိုင်မာမာ မားမားမတ်မတ်ထုတ်ဖော်ပြသသွားတာ ခင်ဗျားတို့ မမြင်ယောင်ဆောင်လို့ ရချင်ရမယ်၊ ကမ္ဘာကြီးက ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ကမ္ဘာသူ ကမ္ဘာသားတွေကတော့ မျက်ကွယ်မပြုခဲ့ကြဘူးခင်ဗျ။ ဒီ အနုတ်စုတ်ဂုတ်စုတ်၊ အဆင်းရဲဆုံး စားရင်းဝင် တိုင်းပြည်လေးက မိန်းမ တစ်ယောက်ကို တစ်ကမ္ဘာလုံး အသားလွတ်ကြည်ညိုချီးမွမ်းအားကျ နေကြမယ်ထင်နေရင်တော့ တကမ္ဘာလုံးပဲ ရူးနေသလား၊ ခင်ဗျားပဲ ရူးနေသလား စဉ်းစားကြည့်ပေါ့ဗျာ။ တကယ်တော့ ခုချိန်မှာ သူဘာမှ လုပ်စရာမလိုတော့ပါဘူး။ သူလုပ်ပြထားတာတွေနဲ့တင် လုံလောက်ရုံမက ပိုနေပါပြီ။ မြန်မာပြည်သား တစ်ယောက်အနေနဲ့ ကျန်းကျန်းမာမာ အသက်ရှည်နေပေးရင်ကိုပဲ မြန်မာပြည်အတွက် ကြီးကျယ်လှတဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြီဆိုတာ... အေးချမ်းမွန် Credit To >Kyaw Thurein < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia

No comments: