Thursday, September 19, 2013

ပြည်သူကိုလှည်းစားကြသူများ

ပြည်သူအား လက်တစ်လုံးခြား လှည့်စားကြသူများ *********************************** ပြည်သူ/သား ဆိုတာ အင်မတန်မှ ရိုးသားဖြူစင်ကြတဲ့ ဝါဂွင်းနုနုလေးတွေပါ။ ဒီဝါဂွင်းနုနုလေးတွေကိုမှ ခြေသုပ်ပဝါလို နင်းခြေသုပ်ချင်ကြတာက အာဏာကိုမက်မောကြတဲ့ လူတစ်စုပါ ။ မိမိတို့က ဥပဒေကို ကြေညက်နေအောင်ဖတ်ထားကြတော့ ဥပဒေအကြောင်းတွေ လုံးစေ့ပတ်စေ့သိသော်လည်း လိုရင်,လိုသလို ပြင်ဆင်ပြီး ပြောင်းလဲယူကြတာကလည်း ဒီအာဏာကိုမက်မောကြတဲ့ လူတစ်စုပါပဲ။ အရင်က အာဏာကို ငန်းငန်းရရမက်မောတာက စစ်ဗိုလ်တစ်စုဖြစ်လို့ စစ်ဗိုလ်တစ်စုကို ကျုပ်တို့ပြည်သူ/သားတွေ မုန်းပွားကြတယ်။ အခုလာပြန်ပြီ မိမိသမ္မတတစ်ယောက်ဖြစ်ဖို့ ဥပဒေကို ပြင်ဆင်ချင်တဲ့ လူအဖွဲ့အစည်းတစ်ဖွဲ့..... မိမိတို့ လိုရင်,လိုသလို ပြင်ဆင်ပြောင်းလဲနေကြတာ မသိရင်ပဲ ဥပဒေဟာ ဘိမ်းမုန့်မှတ်နေကြလားပါပဲ.. သူဖုတ်လိုက်...ငါဖုတ်လိုက်နဲ့... တကယ်တော့ ဥပဒေကို ပြင်ဆင်ချင်သလို ပြင်ဆင်နေကြမှတော့ ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်ဆိုတဲ့ စကားဟာ သွေးထွက်အောင်မှန်နေတဲ့ စကားပါ။ နောက်ဆုံးတော့ အာဏာလိုချင်ကြတဲ့ လူတွေဟာ မသမာလောဘသမား ကိုယ်လိုချင်ရာကို ဆွဲကြတဲ့ တလွဲသမားတွေပါ။ သူတို့လက်ခုပ်ထဲက ပြည်သူ/သားတွေကတော့ သူတို့ပြင်ချင်သလို ပြင်နေကြတဲ့ ဥပဒေကို ခေါင်းငိုက်စိုက်ပြီး ဖတ်ပေးရုံမှတစ်ပါး............. {ဦးစံရှား}

No comments: