Thursday, September 19, 2013

ဒေါ်စုကြည် ကြားဖြတ်ရွေးကောက်ပွဲ

ဒေါ်စုကြားဖြတ်ရွေးကောက်ပွဲနိုင်ပြီးပြီးချင်း ကျနော်တို့လိုပြည်ပရောက်တွေထဲကတယောက် သူ့မိသားစုအကြောင်းကိစ္စနဲ့အရင်ဆုံးမြန်မာပြည် ခဏပြန်ရောက်သွားတယ်။ပြန်လာတော့သူပြောတာက ငါ့ယောက်ဖနှစ်ယောက်တောင်ကားတွေမှာ NLD အလံတွေနဲ့ကွတဲ့။သူတိုင်းပြည်ကထွက်ခဲ့တုံးက သူ့ညီမတွေဆိုတာအလယ်တန်းကျောင်းသူတွေပါ။ သူဆက်ပြောတာကဒီကောင်တွေအလံတွေတပ် ထားလို့ဘယ်လောက်စိတ်ဓါတ်ရှိသလဲစကားပြော ကြည့်တာမင်းကိုနိုင်တို့ကိုကိုကြီးတို့ကိုNLD ပါတီဝင် တွေဘဲအောက်မေ့နေတာ။ဒေါ်စုညွှန်ကြားတဲ့အတိုင်း လုပ်နေတယ်ဘဲထင်နေကြတာတဲ့။ အဲဒီသူ့ယောက်ဖတွေလဲသူတိုင်းပြည်ကထွက်ပြေးရတယ် ဆိုတာ ဒေါ်စုပုံတီရှပ်ဝတ် NLD အလံတွေကားမှာချိတ်လို့ ရပ်ကွက်ထဲကရ၀တနဲ့ကြံ့ဖွတ်လောက်ကပြဿနာရှာလို့ နယ်စပ်ထွက်ပြေးသွားတယ်လောက်ဘဲနားလည်တာပါတဲ့။ တကယ်နိုင်ငံရေးလုပ်သူတွေထွက်ပြေးရတယ်ဆိုတာ အလွန်ဒုက္ခရောက်တဲ့အခြေအနေပေါင်းစုံရှိပါတယ်။ ဥပမာတချို့ပြောပြချင်ပါတယ်။ ကျနော်ပါဝင်တဲ့ကျောင်းသားလှုပ်ရှားမှုအုပ်စုက စစ်အစိုးရရဲ့အမျိုးသားညီလာခံကိုဖျက်သိမ်းပြီး ၉၀ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်ဖေါ်ပေးဖို့ ကြေငြာချက်ထုတ်စာရိုက်ပြီးကျနော်တို့လှုပ်ရှားနိုင်တဲ့ တက္ကသိုလ်၃ခုလောက်မှာဝေဖို့စီစဉ်တယ်ဆိုပါစို့ ကျနော်ကအဆက်အသွယ်ရှိတော့အဲဒီစာရွက် တထောင်လောက်ရိုက်ဖို့တာဝန်ယူရပါတယ်။ အဆက်အသွယ်ရှိတယ်ဆိုတာကကျနော့်မှာ မောင်ဖြူလို့ခေါ်တဲ့သူငယ်ချင်းရှိပါတယ်။ သူကစစ်အစိုးရကိုမကြိုက်တာမှန်ပေမဲ့ နိုင်ငံရေးနဲ့ပတ်သက်ချင်သူတဦးမဟုတ်ပါဘူး။ သို့သော်ကျနော့်ကိုခင်တဲ့အတွက်ကူညီပါတယ်။ မောင်ဖြူအဖေဟာရန်ကုန်ကမြို့နယ်တခုက နာမည်အတန်အသင့်ရကျူရှင်ဆရာပါ။ ကျူရှင်အတွက်လက်လှည့်ပုံနှိပ်စက်တခုရှိပါတယ်။ မောင်ဖြူကသူအဖေကျူရှင်ရဲ့စာရေးကိုပါ စည်းရုံးပြီးကျနော်တို့၃ယောက်ညဖက် ကျူရှင်ခန်းထဲခိုးဝင်ပြီးအဲဒီကြေငြာချက်စာရွက် တထောင်လောက်ကို၃ညလောက်နဲ့ရိုက်လိုက်ပါတယ်။ အဲဒီစာရွက်၁ထောင်ကိုတက္ကသိုလ်၃ခုလောက်မှာ ဝေလိုက်ပါတယ်။နောက်၅ရက်လောက်အကြာ စာဝေသူတဦးကိုထောက်လှမ်းရေးကမိသွားပြီး စာရွက်တွေရိုက်နှိပ်ခဲ့သူကျနော့်နောက်ကိုလိုက်ပါတယ်။ အဲဒီအခြေအနေဖြစ်လာရင်ကျနော်မှာ့ ပြည်တွင်းမှာဘဲတိမ်းရှောင်ခိုလှုံနိုင်တဲ့ အနေအထားကိုမတတ်နိုင်တော့ဘူးဆိုရင် ကျနော်လွတ်ရာကိုပြေးဖို့ဆုံးဖြတ်ရပါမယ်။ ကျနော့်ကိုမိသားလို့ရိုက်နှက်စစ်ဆေးတဲ့အခါ မောင်ဖြူရယ်သူ့အဖေကျူရှင်ဆရာရယ် မိသားစုတခုလုံးဘ၀ပျက်ပါမယ်။ ဘာမှမဆိုင်တဲ့ကျူရှင်ကစာရေးလဲ ဘ၀ပျက်ပါမယ်။ဒီလိုအခြေအနေပေါင်းစုံ တွေဟာရေးပြလို့မရတာတွေရော ရေးပြလို့ရတာတွေရောမျိုးစုံရှိပါတယ်။ ထောက်လှမ်းရေးဘယ်လောက်လိုက်ဖမ်းဖမ်း မိဘဆွေမျိုးမိတ်ဆွေအသိုက်အ၀ိုင်းကောင်းရင် မိဘကငွေကြေးပံ့ပိုးပေးနိုင်ရင် ပြည်တွင်းမှာရှောင်တိမ်းနေဖို့သိပ်မခက်ပါဘူး။ နိုင်ငံခြားကကိုယ့်ရဲဘော်တွေငွေကြေးထောက်ပံ့တယ် ဆိုတာခင်ညွန်လက်ထက်မှာအတော်ခက်ပါတယ်။ ပြည်တွင်းနေသူအချင်းချင်းကိုသတိထားချိတ်ဆက် ထားတာဖြစ်လို့ အပြင်က၀င်လာသူ အပြင်ကပိုက်ဆံနဲ့စာအုပ်စာတမ်းလောက် ပေးခိုင်းလိုက်သူတွေ နဲ့ များသောအားဖြင့်ချိတ်ဆက် လို့တောင်မရပါဘူး။အလွန်သတိထားရတာပါ။ သတင်းစားတွေထဲမှတ်မိကြမှာပေါ့။ အနည်းဆုံးလေးငါးဆယ်ယောက်လောက် မိသွားတာမျိုးတွေ။ အပြင်နဲ့အတွင်း ဆက်သွယ်ကြတယ်ဆိုတာမှာလည်း အလုပ်မျိုးစုံ လူမျိုးစုံ သူ့နည်းလမ်းနဲ့သူလုပ်နေကြတာပါ။ အကုန်လုံးထွေးရစ်ပတ်နေတာပါ။ အချိန်ကြာကြာလွတ်နေဖို့ဆိုတာခက်ပါတယ်။ အသေချာဆုံးဟာ ကိုယ့်မိသားစု ဆွေမျိုး မိတ်ဆွေ တွေရဲ့ကူညီထောက်ပံ့မှုပါဘဲ။ အဲဒီလိုထောက်ပံ့ပေးတဲ့အသိုင်းအ၀ိုင်းမရှိသူ နိုင်ငံရေးလုပ်လို့ထွက်ပြေးရင် ပြည်တွင်းမှာကြာကြာမနေနိုင်ပါဘူး။ မကြာခင်လွတ်ရာကိုပြေးကိုပြေးရပါတယ်။ ဗဟုသုတရေးလို့ရသလောက်ရေးလိုက်တာပါ။

No comments: