Saturday, April 30, 2016

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးထင်ကျော်ပြီးလျှင် နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင် ဖြစ်ဟု သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေညာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးထင်ကျော်ပြီးလျှင် နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင် ဖြစ်ဟု သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေညာ ဧရာဝတီ၊ ဧပြီ ၂၉ ၊ ၂၀၁၆ သမ္မတဦးထင်ကျော်ပြီးလျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ နံပါတ် ၂ ခေါင်းဆောင်နှင့်အကြီးအကဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြီးမှသာလျှင် ဒုတိယသမ္မတ ၂ ဦးက အသီးသီးနေရာတွင်ရှိနေကြောင်း သမ္မတရုံး၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက် ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။နိုင်ငံတော်သမ္မတရုံး၏ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက် ထုတ်ပြန်မှုမှာ အောက်ပါအတိုင်းအဖြစ်သည်။ "နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက်" နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၇ ရက်စွဲဖြင့် ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက်အား ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ခဲ့သော ပြည်ထောင်စုအင်္ဂါစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုအင်္ဂါစဉ် ၁ နိုင်ငံတော်သမ္မတ ၂ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၃ ဒုတိယသမ္မတ (၁) ၄ ဒုတိယသမ္မတ (၂) ၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၆ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၇ ပြည်ထောင်စုတရားသူကြီးချုပ် ၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၉ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁၁ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၁၂ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၁၃ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ၁၄ ပြည်ထောင်စုဝန်ကြီးများ ၁၅ ပြည်ထောင်စုရှေ့နေချုပ် ၁၆ ပြည်ထောင်စုစာရင်းစစ်ချုပ် ၁၇ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ၁၈ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၁၉ ဝန်ကြီးချုပ်များ ၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ၂၁ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၂၂ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ ၂၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ၂၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ၂၆ ဥပဒေကြမ်းကော်မတီ ၂၇ ပြည်သူ့ငွေစာရင်းကော်မတီ ၂၈ လွှတ်တော်အခွင့်အရေးကော်မတီ ၂၉ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ၃၀ တိုင်းမှူးများ ၃၁ ဒုတိယဝန်ကြီးများ ၃၂ ဒုတိယရှေ့နေချုပ် ၃၃ ဒုတိယစာရင်းစစ်ချုပ် ၃၄ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ ၃၅ နေပြည်တော်ကောင်စီဝင်များ ၃၆ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၃၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ ၃၈ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

No comments: