Saturday, October 31, 2015

နေအိမ်ပေါ်တက်၍ တရားခွေအား ဒီဗီဒီပြစက်ထဲမှထုတ်ယူသွားသည့် NLD ပါတီ ရပ်ကျေးဥက္ကဌ အား တရားစွဲမည်

နေအိမ်ပေါ်တက်၍ တရားခွေအား ဒီဗီဒီပြစက်ထဲမှထုတ်ယူသွားသည့် NLD ပါတီ ရပ်ကျေးဥက္ကဌ အား တရားစွဲမည်

အောက်တိုဘာလ ၈ ရက်နေ့က လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာ ဦးအစမ်းနေအိမ်တွင် ဦးအစမ်းနာရေး(၁)လပြည့် တရားနာ ဆွမ်းကြွေးပြီးနောက် မ ဘ သ ဩဝါဒခွေ ဖွင့်ထားစဉ် ယင်းဆယ်ကျေးရွာအုပ်စု NLD ပါတီ ဥက္ကဌ ဦးကိုကိုအောင်၊ အတွင်းရေးမှူး ဦးချစ်ကိုကို နှင့် အပေါင်းအပါတစ်စုတို့သည် သက်ဆိုင်ရာ အိမ်ရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ကို အသိမပေး အကြောင်းကြားခြင်းမရှိဘဲ အိမ်ပေါ်သို့တက်ရောက်ကာ စက်ထဲမှခွေကို ထုတ်ယူသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မင်းမဲ့စရိုက်ဆန်ဆန် သူတစ်ပါးအိမ်ပေါ်သို့ ပိုင်ရှင်ခွင့်ပြုချက်မရပဲ တက်ရောက်ခဲ့သည့်အပြင် ဒီဗီဒီဖွင့်စက်ထဲမှ ခွေကိုပါ ယူဆောင်သွားသည့်အတွက် NLD ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ဦးအစမ်း၏ဇနီးအား တောင်းပန်ရန်နှင့် တရားခွေအား ပြန်ပေးရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းပေးခဲ့သော်လည်း ၄င်းတို့က တောင်းပန်ခြင်းလည်းမလုပ်၊ တရားခွေကိုလည်း ပြန်မပေးသည့် အတွက် ဦးအစမ်း၏ ဇနီးဒေါ်စန်းစန်းမြင့်က ၄င်းတို့အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“NLD ဥက္ကဌ လုပ်ပုံက တော်တော်အရုပ်ဆိုးတယ်။ နာရေးအိမ်ပေါ် အတင်းတက်ပြီး ဖွင့်ထားတဲ့ တရားခွေကို ထုတ်ယူသွားတယ်ဆိုတော့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေ အပြင် သူတစ်ပါး ယုံကြည်ကိုးကွယ်မှုကိုပါ ထိပါးနေတယ်။ ကျွန်တော်တို့ကတော့ ကြီးတဲ့အမှုငယ်အောင် ကြားဝင် ညှိနှိုင်း ပေးပေမယ့် သူတို့က တောင်းလည်း မတောင်းပန်နိုင်ဘူး။ တရားခွေကိုလည်း ပြန်မပေးနိုင်ဘူး ဆိုတော့ ဒေါ်စန်းစန်းမြင့်ကလည်း ဒီအတိုင်း ဘယ်ငြိမ်ခံနိုင် မလည်း။ ယောက်ျားနာရေး ပူဆွေးနေတဲ့ အချိန်မှာ အိမ်ပေါ်တက် စော်ကားသွားတာဆိုတာ့” ဟု လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“NLD သာ အာဏာရလို့ကတော့ မလွယ်ဘူး။ NLD က ကောင်တွေက အခုတောင် တော်တော်ရိုင်းတယ်။ ဘုရားမှန်းတရားမှန်းလည်း မသိတတ်ကြ။ ဒေါ်စုသည်သာ ကိုးကွယ်ရာ၊ ဒီမိုကရေစီ ဆိုတာ လုပ်ချင်ရာလုပ်တာဆိုတဲ့ အပေါက်မျိုး ချိုးနေကြတယ်။ ဒီမိုကရေစီ ကို တကယ်သက်ဝင်ယုံကြည်လို့ မဟုတ်ပဲ ငါတို့မှအမှန်၊ ကျန်တဲ့သူတွေ က အမှားလို့ ခံယူနေကြတယ်၊ မတူတဲ့အမြင်တွေကို နည်းနည်းမှ သည်းမခံနိုင်ကြဘူး” ဟု ပုသိမ်မြို့နေ ကိုထွန်းနိုင် က ဝေဖန်ပြောကြား ခဲ့သည်။

No comments: