Wednesday, October 28, 2015

ဦးနိုး၏ တဘောင်နိမိတ်

ဦးနိုး၏ တဘောင်နိမိတ်
=============
-
* သာသနာတစ်ဝက်ခရီးမှာဖြင့်၊
ကနက်ထီးတွေနဲ့ ဂျက်စီးမဲ့အရှိန်အဟုန်၊
ယုံချင်ယုံ မယုံရင်နေရန်သာပ၊
ပြေ(ပြည်)မြန်မာ သာယာအေး ထင်ထင်မြင်သေး
-
* အတိတ်ကယ်ဆောင် နိမိတ်ရောင်လှုပ်ရှား၊
တံတားတွေ အတွင်ဆောက်ပါလို့၊
ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်၊
ဝင်နှောင့်သူ မိစ္ဆာဘေး စဉ်သတိတို့မွေး။
-
* မယ်ထွေးက ပြည်တော်ပြန်၊
နန်းလုဖို့ကြံ၊
ကြံသာကြံ မဟန်တဲ့ သူ့ဇာတ်ကြောင်း၊
ဘ၀ပြောင်းသူ သူ့ချစ်သွေး ဘယ်သူလဲမေး။
-
* သူ့ချစ်သွေးနဲ့ အနေကျယ်၊
သန္ဓေတည်ကာ သားတွေပေါက်ခဲ့၊
အောက်ကလိအာ အာကလိအောက်၊
မိနောက်မကျ ဖနောက်မမီ၊
မပီတပွန် တွန်တကျယ်ကျယ်၊
ကြက်ကျီးငယ်ထွေး၊
ဘယ်ပြေ(ပြည်)ကိုထောက် ဘယ်ပြေ(ပြည်)နှောင့်လိမ့်၊
ထိတ်ကြောက်ဖွယ် ထိုးထိုးဘေး မှန်းဆကြိုတွေး။
-
* မယ်ထွေးက ပြည်တော်ပြန်၊
စည်ဆော်ဖန် နန်းတင်ကြဖို့၊
ထမ်းစင်မ ဝေလေလေ၊
အပေအတေ ကြံဆတွေး လုပ်နေကြသေး။
-
* ဒီလူ့မယားနဲ့ ဒီသားတွေအမေ၊
တို့တိုင်းပြည် တို့လူမျိုးကို၊
အရိုးခံအမှန်စစ်နဲ့၊
နှစ်နှစ်ကာကာ ချစ်လိမ့်လေ မေးလိုက်ချင်သေး။

-
* ခေါင်းဆောင်တွေ အဘိုးရွယ်ဖြစ်ပေမဲ့၊
မျိုးနွယ်ချစ်မာန် နုပျိုလျှက်ရယ်နှင့်၊
ရင့်ကျက်တဲ့ တွေးမြင်တွေ ဝေေ၀စည်လို့၊
ရွှေပြည်ကို ဝေစည်ရေး ကြိုးပမ်းနေသေး။
-
* ဒေါင်းတွေက တွင်တွင်အော်၊
အော်ချင်တိုင်း အော်၊
ခွင့်မလျော် မသင့်တော် သူပေမို့၊
မျှော်သူတွေ ရင်မအေး လာနိုင်ဖို့ဝေး။
-
* နေမင်းနဲ့ လမင်းရောင်ဖြာ၊
တို့မြန်မာ ရောင်ဝါလင်းချေပေါ့၊
မင်းခြင်္သေ့ တန်းခိုးကြွပြီမို့၊
တိုးလို့ကွယ်ပြည်အရေး သာလှချည်သေး။
-
* ဂူပုန်းတဲ့ ခင်ကြီးပျော်ရယ်၊
သမီးတော် အမိုက်မဲကိုလ၊
ရိုက်ဆဲကာ အဆူသွင်းပါလို့၊
ဂူတွင်းမှာ အပြီးတိုင်မနှေး ပိတ်လိုက်တော့လေး။
-
(ဦးနိုး)



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: