Monday, August 24, 2015

အာဏာထက် သြဇာသက်ရောက်မှုက ပိုမိုကောင်းမွန်ဟု သူရဦးရွှေမန်းပြော =========================================

အာဏာထက် သြဇာသက်ရောက်မှုက ပိုမိုကောင်းမွန်ဟု သူရဦးရွှေမန်းပြော ========================================= အာဏာထက် သြဇာသက်ရောက်မှုက ပိုမိုကောင်းမွန်ပြီး အာဏာရှိသူများသည် လောဘ ကြီးတတ်ကြကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းကပြောကြားလိုက်သည်။ ‘‘အာဏာရှိလို့ရှိရင် အာဏာကို အလွဲသုံးစားလုပ်တတ်တယ်။ အာဏာကကောင်းသလို ကြောက်ဖို့ လည်း ကောင်းတယ်’’ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြဂုတ် ၂၂ ရက်တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူးမြို့နယ်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သူရဦးရွှေမန်းသည် ယခင်စစ်အစိုးရလက်ထက်က တတိယနေရာတွင်ရှိသော ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။ သြဂုတ် ၂၁ ရက်တွင် သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လွှတ်တော်ကိစ္စရပ် တာဝန်များဖြင့် ပထမဆုံးအကြိမ် မိမိမွေးရပ်ဇာတိသို့ လာရောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ‘‘ဗိုလ်ချုပ်ကြီးဘ၀တုန်းက လာတုန်းကတောင် သာမန်လူအနေနဲ့ပဲလာပါတယ်။ ဒါဟာ ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ ပထမဆုံးလာရောက်တာပါ’’ဟု သူရဦးရွှေမန်းကဆိုသည်။ သြဂုတ် ၂၂ ရက်၌ သူရဦးရွှေမန်းသည် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ နံနက် ၇ နာရီခွဲတွင် ၎င်းယှဉ်ပြိုင်မည့် ဖြူးမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းစိစစ်ရန် သွားရောက်ခဲ့ပြီး ကညွတ်ကွင်း၊ ဖြူးမြို့နယ်ရှိ ဒေသခံပြည်သူနှစ်ထောင်ခန့်တို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒေသခံများက လယ်ယာမြေပြဿနာများ၊ လျှပ်စစ်မီးရရှိရေး၊ လယ် ယာမြေပုံစံ ၇ အမြန်ဆုံးရရှိရေးစသည်တို့ကို တင်ပြတောင်းဆိုခဲ့ကြသည်။ အဆိုပါတင်ပြမှုများကို လွှတ်တော်အတွင်းမှ ဆောင်ရွက်၍ ရမည့်ကိစ္စရပ်များကို အမြန်ဆုံးရရှိအောင်ဆောင်ရွက်ပေး မည်ဟု သူရဦးရွှေမန်းကဆိုသည်။ လက်ရှိအချိန်အထိ မိမိဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် အများပြည် သူ ပိုက်ဆံကိုသုံးစွဲခြင်းမရှိဘဲ ကိုစေတနာရှိသော အလှူငွေများဖြင့်သာဆောင်ရွက်နေကြောင်း သူရဦးရွှေမန်းကဆိုသည်။ သြဂုတ် ၂၁ ရက်က သူရဦးရွှေမန်းသည် လက်ရှိမဲဆန္ဒနယ်ဖြစ်သည့် ဇေယျာသီရိမြို့နယ် တွင် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မိမိကျန်းမာရေးကောင်းမွန်ကြောင်းနှင့် လာရောက်နှုတ်ဆက်ခြင်းမဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။ By 7Days

No comments: