Posted: December 23, 2016
မန္တလေးမြို့တွင် ဆက်သွယ်ရေးနှင့် စီးပွား ရေးကဏ္ဍ အထောက်အကူပြုစေ ရန် Call Center ကို ဒီဇင်ဘာ ၂၁ ရက်က Blue Ocean Operation Management Co. Ltd. (မန္တလေးရုံးခွဲ) အဖြစ် ၈၉-လမ်း ၂၂x ၂၃-လမ်း ကြားတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရဝန်ကြီးများ၊ ကုမ္ပဏီဘက်မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစိုးရရုံးများ (သို့) အခြားသော စုံစမ်းမေးမြန်းခြင်း များကို ဖြေကြား၍ သက်ဆိုင်ရာရုံး များ၊ ဌာနများနှင့် လုပ်ငန်းများသို့ ကိုယ်တိုင်သွားရောက်ရန် မလိုဘဲ အချိန်ကုန်သက်သာစွာဖြင့် ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့တွင် ဖွံ့ဖြိုးတိုးတက်ကာ လူနေမှုဘဝ ပိုမိုမြင့်မား လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Call Center မှ မန္တလေး တိုင်းဒေသကြီးအစိုးရက ထုတ်ပြန် ကြေညာ သည့် သတင်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများနှင့် မြို့တော် စည်ပင်သာယာ ဌာနများသို့ စုံစမ်း မေးမြန်းနိုင်ကြောင်း၊ ဗေဒင်ဝန်ဆောင် မှုများ၊ အားကစား ဝန်ဆောင်မှုများ၊ ကုန်စည်ဒိုင်မှ ဈေးနှုန်းများ၊ နည်းပညာနှင့် ပတ်သက်မှုများ၊ အလုပ်အကိုင်ရှာဖွေရေး ဆိုင်ရာများ စသည်တို့ကို စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုများအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ သာ ကျသင့် မည်ဖြစ်၍ Hot Line Service နံပါတ်များအလိုက် ၁၈၇၅၊ ၁၈၇၆၊ ၁၈၈၆ တို့သို့ခေါ်ဆို၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ဆောင်မှုများ တောင်းခံပါက လွယ်ကူစွာဖြင့် အချိန်မရွေး သိလိုသည်များကို မေးမြန်းနိုင်ကြောင်း သိရသည်။
Credit - MOI
The Ladies News
No comments:
Post a Comment