Monday, July 25, 2016

တစ်နှစ်ဝင်ငွေ သိန်း ၅၀၀ ကျပ်ရှိသူတစ်ယောက်ဟာ မြန်မာပြည်အခွန်နှုန်းထားနဲ့ အခွန် ၉၁.၅ သိန်း ပေးဆောင်ရပါမယ်။

စင်္ကာပူနှုန်းနဲ့ဆိုရင်တော့ ၁၀.၇ သိန်းပဲကျပါတယ်။ ၁၀ ဆနီးပါးအခွန်ပိုပေးရပေမယ့် စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရ သူ့နိုင်ငံအတွက် အလုပ်လုပ်ပုံ၊ တာဝန်ယူပုံက သိပ်မှမကွာတာပဲဗျာ။

အခွန်ကောက်ဖို့ အခြေခံလူနေမှုစရိတ်ကို မြန်မာနိုင်ငံက တစ်နှစ်ဝင်ငွေ သိန်း ၂၀ သတ်မှတ်ပါတယ်။ စင်္ကာပူကတော့ အကြမ်းဖျဉ်း ၁၅၄ သိန်းသတ်မှတ်ထားပါတယ်။
မြန်မာလူမျိုးတစ်ယောက် တစ်လ ၁သိန်းခွဲကျော်ကျော်ရှာနိုင်ရင် ခင်ဗျားမိသားစုထမင်းဝိုင်းထဲမှာ အစိုးရရဲ့လက်တစ်ဖက်လာနှိုက်နေတဲ့အချိန် စလုံးအစိုးရကတော့ သူ့နိုင်ငံသားတစ်ယောက် တစ်လ ၁၂ သိန်းကျော် မရှာနိုင်မချင်း ခင်ဗျားပိုက်ဆံကို စိတ်မဝင်စားဘူးတဲ့ဗျ။

စင်္ကာပူမှာ အခွန်သက်သာခွင့် ပေးထားတာတွေ အမျိုးမျိုးရှိသေးသတဲ့ဗျ။ မိဘနဲ့ နေရင် အခွန်သက်သာခွင့် သိန်း ၅၀ လျှော့ပေးပါတယ်။ ကလေးတယောက်ရှိတိုင်း အခွန်ကင်းလွတ်ခွင့် သိန်း ၃၀ ကျော်ထပ်ရပါဦးမယ်။ ဇနီးခင်ပွန်းက ဝင်ငွေမရှိရင် ၁၅ သိန်းလောက်ထပ်သက်သာသေးသတဲ့။ ဝင်ငွေ သိန်း ၅၀၀ ထဲက အဲဒါတွေ နှုတ်လိုက်ရင် ခင်ဗျားပေးရမယ့် အခွန်က တော်တော်သက်သာသာဖြစ်သွားပြီပေါ့ဗျာ။

အရေးကြီးဆုံးကတော့ အခွန်ဌာနက လာဘ်လည်းမစားပဲ၊ အားလုံးအပေါ် မှန်မှန်ကန်ကန် အခွန်ကောက်နိုင်စွမ်းရှိဖို့ပါ။ ခွေးတိုးပေါက်ကို ပိတ်ပြီး၊ ဆင်ဝင်ပေါက်ကို ဖွင့်မပေးဖို့ပါ။ လူသေးသေးလေးတွေဆီက နှစ်ပြားတစ်ပဲကို မရမက ကောက်ပြီး၊ အထူးအခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ ထောနေတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ဥပဒေအရ ပေးရမယ့် မြောက်မြားစွာသော သိန်းသန်းကုဋေတွေကို လွှတ်ပေးတာမျိုးမလုပ်ဖို့ပါ။

Data Credit to Wunna Saw Thein
https://m.facebook.com/story.php?story_fbid=1060081377415996&id=100002424322719
credit :Kyaw Thurein Myint
https://m.facebook.com/story.php?story_fbid=10152274865034875&id=803679874

No comments: