ဟာဂျူလီမီဒီယာမှတစ်ဆင့်
ဝန်ကြီးချုပ်ခင်ဗျား...
၂၅.၇.၂၀၁၆ရက်နေ့တွင် ကသာခရိုင်သစ်တောရုံး၌ ဝန်းသို အင်းတော် ထီးချိုင့်ရှိ ပုံစံ၈ (ဖမ်းဆီးသစ်များ)ကို လေလံပစ်တော့မည် ဖြစ်ပါသည်၊ ထိုသို့ လေလံပစ်ခြင်းသည် နိုင်ငံတော်အတွက် မိအေးနှစ်ခါမက နာနေရပါသည်၊လေလံဆွဲသူများအနေနှင့် သစ်တောတာဝန်ရှိသူများနှင့် ပူးပေါင်းခါ
သစ်ပုံများ မရှိသည်ကို သိသိကြီးနှင့်အပေါ်လေလံ အောက်လေလံများ ပြုလုပ်၍ဆွဲယူနေကြပါသည်၊
အပေါ်လေလံဆိုသည်မှာ လေလံကော်မီတီလူကြီးများရှေ့တွင် ဟန်ပြအဖြစ်( လေလံကော်မီတီလူကြီးများလည်း ဟန်ပြဆွဲမှန်း သိကြပါသည်) တစ်ဦးစ နှစ်ဦးစ မှ
သစ်တစ်ပုံလျှင် ၅၀၀၀/၁၀၀၀၀မျှ ဟန်ဆောင်ဈေးတိုး ဆွဲကြခြင်း ဖြစ်ပါသည်၊ ထိုလေလံလံပွဲပြီးမှ အခြားနေရာတစ်ခုခုသို့ လေလံဆွဲသူများမှ သွားရောက်ခါ အမှန်အကန် ဆွဲကြပြီး ရရှိငွေများကို လေလံကော်မီတီများနှင့် ခွဲဝေယူလျှက်ရှိပါသည်၊ ထိုသို့ပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ရရှိမည့် ငွေများ အမှန်တကယ်မရရှိဘဲ နစ်နာနေပါသည်၊ ထိုအပြင် လေလံရရှိသူများမှ ဖမ်းဆီးသစ်ပုံများ မရှိသည်ကို အကြောင်းပြု၍ သစ်တောဝန်ထမ်းများနှင့် နားလည်မှုယူခါ ထပ်မံ အသစ်ခုတ်၍ တရားဝင်သယ်ယူ
မှုများ ပြုလုပ်လေ့ရှိသဖြင့် နိုင်ငံတော်အနေနင့် ဒုတိယအကြိမ် နစ်နာနေရပါသည်၊ သို့ပါ၍ ယခု ပြုလုပ်မည့် ကသာမြို့ ပုံစံ၈ သစ်လေလံဆွဲမှုကို ခေတ္တ ရပ်ဆိုင်း၍ သစ်ပုံများ အမှန်တကယ်ရှိ မရှိစစ်ဆေးပေးပါရန် တောင်းခံအပ်ပါသည်၊
No comments:
Post a Comment