Tuesday, July 19, 2016

ထိုင်ဝမ်နိုင်ငံမှာ ခရီသည်တင် နှစ်ထပ်ကားမီးလောင် (၂၆)ဦး သေဆုံး



19July2016 37 MINUTES AGO

ထိုင်ဝမ်နိုင်ငံကို လာရောက် လည်ပါတ်ကြတဲ့ တရုတ်နိုင်ငံသားတွေ တင်ဆောင် မောင်းနှင်လာတဲ့ နှစ်ထပ်ယာဉ်ကား တစ်စီးဟာ Taoyuan အမြန်လမ်းမကြီးပေါ်မှာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးက အကာတွေ ကို ၀င်တိုက်ပြီး မီးလောင် သွားခဲ့တာ ဖြစ်ပါတယ်။


တိုက်မိပြီးချင်း မီးကူးဆက်လောင်တာမြန်လို့  ခရီးသည်တွေ ဟာ ကားအတွင်းမှာ ပိတ်မိပြီး ခုလို မီးလောင်သေဆုံးခဲ့ပါတယ် ။ သေဆုံးသူ ၂၆ဦးမှာ ကားမောင်းသူရော ခရီးသွားလမ်းညွှန် လိုက်ပါလာသူတွေပါ သေဆုံးခဲ့ရပါတယ်။

ထိုင်ဝမ်ကျွန်းကို (၈)ရက်ခရီးစဉ် လာရောက် လည်ပါတ်ကြတဲ့ တရုတ် နိုင်ငံသားတွေဟာ ခရီးစဉ်ပြီးဆုံးလို့  လေဆိပ်ကို ပြန်အပို့ မှာ ခုလိုဖြစ်ခဲ့တာပါ၊ ထိုင်ဝမ်ခရီးသွားလာရေး ကုမ္ပဏီက တာဝန်ယူပြီး သေဆုံးသူတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးကို ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ကူညီသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

(SAW)
Dawn.com
Social Action for Women - SAW

No comments: