မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 23, 2016
သင်ခေါင်းလျှော်တဲ့ပုံစံ မှားယွင်းနေပြီလား
လူအများစု အမှန်လို့ထင်နေတဲ့ ခေါင်းလျှော်တဲ့ပုံစံက မှားယွင်းနေတယ်လို့ ကျွမ်းကျင်သူများက ပြောခဲ့တာပါ။
ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး (ကွန်ဒီရှင်နာ) အသုံးပြုရတာ လွယ်တယ်လို့ လူတွေက ထင်ကောင်းထင်နေမှာပါ။ ဒါပေမဲ့ ကျွန်မတို့ နှစ်ပေါင်းများစွာ အမှန်လို့ ယူဆထားတဲ့ ခေါင်းလျှော်နည်းက မှားယွင်းနေတယ်လို့ ဆိုပါတယ်။
အခု ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆံပင်ပျော့ဆေးကို ခေါင်းလျှော်ရည်မသုံးခင် သုံးရမယ်လို့ သိရပါတယ်။
အဲဒီလို လုပ်ခြင်းအားဖြင့် ဆံပင်ကို ပိုပြီး အာဟာရဖြစ်စေတယ်လို့ Kérastase Hair Care ကုမ္ပဏီရဲ့ အနုပညာဒါရိုက်တာ နီနာဒီမက်ခ်ကီက ပြောပါတယ်။
"ဒါ့အပြင် ဆံပင်ကို အချိန်ကြာကြာ ပုံကျလှပစေပြီးတော့ ဆံသားကိုလည်း ကောာင်းမွန်စေတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ပိုပြီး လွယ်ကူချောမွေ့စေပါတယ်" လို့ သူမက ပြောပါတယ်။
အဲဒီလိုလုပ်ခြင်းအားဖြင့် ဆံပင်က စီးကပ်နေတာမျိုးလည်း မဖြစ်တော့ဘူးလို့ ဆိုပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment