Monday, July 18, 2016

‘‘ကျွန်တော်က မစည်းမရုံးဖြစ်နေတာကို မကြိုက်တာ’’ ရုပ်ရှင်လောကတိုးတက်ရန် အလုပ်ရုံဆွေးနွေးပွဲများ ဆက်တိုက်လုပ်နေသော ဇာဂနာနှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ-ကျော်ဇင်သန်း
‘ရုပ်ရှင်မစည်းမရုံး’ဆိုသော ခေါင်းစဉ်ဖြင့် ရုပ်ရှင်လောကသားများကြားမှ အငြင်းပွားဖွယ်ရာကိစ္စရပ်များကို အခန်းဆက်ဆောင်းပါး ရေးသားနေသည့် ဦးသူရ(ခ)ဇာဂနာက ရုပ်ရှင်လောကသားများ စည်းလုံးမှုရရှိနိုင်ရန်မျက်နှာစုံညီဆွေးနွေးရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကပြုလုပ်ခဲ့သော ရုပ်ရှင်ရုံတစ်ရာစီမံကိန်းစာနယ်ဇင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲ၏ နောက်ဆက်တွဲအဖြစ် ယခုရက်ပိုင်းတွင် ရုပ်ရှင်လောကသားများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည့် ဦးသူရကို ၎င်းတို့လုပ်ဆောင်နေသော အစီအစဉ်များ အကြောင်း ဆက်သွယ်မေးမြန်းခဲ့ပါသည်။
အခုရက်ပိုင်းမှာ ရုပ်ရှင်လောက သားတွေနဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်နေတာ ဘာကြောင့် ပါလဲ။
ကျွန်တော်တို့ ရုပ်ရှင် Work-shop တစ်ခု လာမယ့် ဩဂုတ်မှာ လုပ်ပါမယ်။ နှစ်ခုပေါ့။ ပထမ တစ်ခုက ပြည်တွင်း Workshop၊ ဒုတိယတစ်ခုက ပြည်ပ Work-shop။ အဲဒါကတော့ နိုဝင်ဘာမှာ လုပ်မယ်။ ပြည်တွင်း Workshop က ပထမတော့ ဒီလကုန် နောက် လဆန်းထဲမှာ လုပ်ချင်တာ။ ဒါပေ မဲ့ အားလုံးအားတဲ့ရက်ကို ကြည့် လိုက်တော့ ဒုတိယပတ်ဖြစ်သွား တာ။ အဲဒါကတော့ ရုပ်ရှင်ရုံပိုင် ရှင်တွေရော၊ ဒါရိုက်တာတွေရောရုပ်ရှင်လောကသားအားလုံးပါ မယ့် Workshop။ ရုပ်ရှင်ပြီးရင် ဆက်တိုက်ပဲ ဗီဒီယိုပါဆက်လုပ်မယ်။ အဲဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ ပြည်ထဲရေးဝန် ကြီးဌာနရယ်၊ ရှေ့နေချုပ်ရုံးရယ် တက်မှာပါ။ ပြည်တွင်းအခွန်များ ရောပေါ့။
Workshop လုပ်မယ်ဆိုတော့ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ လုပ်ဖို့ စီစဉ်ထားလဲ။
ရုပ်ရှင်နဲ့ပတ်သက်တဲ့ Workshop ပါ။ တစ်ခါမှ ဖြစ်ဖြစ် မြောက်မြောက်မလုပ်ရသေးဘူး လေ။ ၂၀၁၂ ဒီဇင်ဘာတုန်းက နိုင်ငံခြားက ပညာရှင်တစ်ဦးကို ခေါ်ပြီး အနာဂတ် Digital ရုပ်ရှင် Workshop ဆိုပြီး နိုင်ငံခြားသား တွေနဲ့ ပြည်တွင်းက ရုပ်ရှင်ပညာ ရှင်တွေနဲ့ ကန်တော်ကြီးဟိုတယ် မှာ လုပ်တယ်။ အဲဒီတုန်းက အောင်မြင်တာတစ်ခုကတော့ တစ်နိုင်ငံလုံး DCP ဖြစ်သွားတယ်။ကျွန်တော်တို့က အဲဒီတုန်းက မှန်း တာကလည်း ၂၀၁၅ မှာ အားလုံး Digital Cinema ဖြစ်ရေးဆိုပြီး လုပ်ခဲ့တာ။ အဲဒီအတိုင်း အ ကောင်အထည်ဖြစ်သွားတယ်။ သို့သော် ဒုတိယရည်မှန်းချက် ရုပ်ရှင်ရုံတွေမပေါ်နိုင်ဘူး။ အခု ကိုလွင်မိုးတို့ ခေါင်းဆောင်ပြီး ရုပ်ရှင်ရုံတစ်ရာဖြစ်အောင်လုပ် တယ်။ အခု အဲဒါလည်းဖြစ်လာပြီ။ ဖြစ်လာပြီးရင် လုပ်သားပြည်သူ တွေကို ပြရမှာ။ အပန်းဖြေချင်လို့ ရုပ်ရှင်ရုံလာတာကို အသုံးမကျတဲ့ ကားတွေ လျှောက်ပြနေလို့မဖြစ် နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ က ရုပ်ရှင်အရည်အသွေးမြင့် အောင် ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်တို့ ရုပ်ရှင်သမားတွေ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ မှ မဆွေးနွေးရင် ဘယ်သူမှလာ လုပ်ပေးလို့မရဘူး။ နိုင်ငံခြားက လည်း လာလုပ်ပေးလို့မရဘူး။ အဲ ဒီအတွက် ပထမအဆင့် ၂၀၁၅ မှာ Digital ရုပ်ရှင်ရုံအားလုံးဖြစ်ရေး လုပ်လိုက်တာ ပြောတဲ့အတိုင်း ဖြစ်တယ်။ ၂၀၁၆ မှာ ရုပ်ရှင်ရုံတစ် ရာပေါ်ဖို့ လုပ်တယ်။ ဆက် တိုက်ပဲ ရုပ်ရှင်အရည်အသွေးမြင့် မားရေးကို Workshop လုပ်တဲ့ သဘောပါ။ လုပ်တဲ့အခါမှာ ကျွန် တော်တို့တိုင်းပြည်မှာက ရုပ်ရှင်ရုံ ဆိုရင် 5.1 Digital Dolby System ဖြစ်ရမယ်ပြောတယ်။ ဒါပေမဲ့ ဘယ်မတုံး 5.1 Digital ဖြစ်ဖို့က ဘာမှလည်းမရှိဘူး။ အဲဒီတော့ အဲဒါတွေပေါ်လာဖို့၊ ပဏာမက တော့ ပညာရှင်တွေခေါ်ပြီး ဘယ်လိုခေါင်းစဉ်မျိုး ထိရောက်စွာ ဆွေးနွေးမလဲ။ ပြီးတော့ အစိုးရအဖွဲ့ ပါနေတဲ့အတွက် ကိုယ့်အချင်းချင်းတွေ စကားပြောသလိုတောင်တောင်အီအီလျှောက် ပြောလို့မရဘူး။ အဲဒါကြောင့် ထိထိရောက်ရောက်ဖြစ်စေချင်လို့ လုပ်တာပါ။ တကယ်တမ်းကျ တော့ ကျွန်တော်တို့ အပင်ပန်းခံရတာပဲ။ ကျွန်တော်က ရုပ်ရှင်အ စည်းအရုံးဝန်ထမ်းလည်းမဟုတ်၊ ဘာလည်းမဟုတ်လေ။
အခုလုပ်မယ့် Workshop မှာ အားလုံးပါဝင်နိုင်ဖို့ ဘာတွေလုပ် ထားလဲ။
အဲဒါကြောင့် အခုကတည်း က အပင်ပန်းခံပြီး တစ်ရက်တစ် ခါလောက် တွေ့ဆုံရခြင်းအ ကြောင်းရင်းက အဲဒီပွဲမှာ မပါနိုင် ရင်တောင် အခုရှေ့အကြိုညှိနှိုင်း ပွဲမှာ ပါဖို့ခေါ်ထားတာ။ ဥပမာ နောက်လာမယ့် နှစ်ပတ်မှာ ကိုကျော်ဇောလင်းတို့၊ ကိုဇော်တို့ က ကားရိုက်ရှိတယ်ဆိုပါတော့။ အဲဒီလိုကားရိုက်ရှိနေရင်၊ ပွဲကြီး မှာ ဝင်ရောက်မဆွေးနွေးနိုင်ရင် အခုသူတို့ပြောစေချင်တာ အကုန်ပြောလို့ရတယ်။ ကျွန်တော်တို့က အဲဒီပွဲကြီးမှာ မတက်နိုင်တဲ့လူရှိ ရင် အခုကတည်းက ကြိုညှိတာ။ မဟုတ်ရင် အဲဒီကျမှ မပြောရဘူး ဖြစ်မှာ။ ကျွန်တော်တို့က အဲဒီနား ကျမှ လုပ်တာမဟုတ်ဘူး။ အခုဆို ရင် နှစ်ရက်တစ်ခါ၊ သုံးရက်တစ် ခါ၊ နောက်တစ်ကြိမ်ဆို ၂၁ ရက် နေ့ညထပ်တွေ့မယ်။ တစ်ရက်ပြီး တစ်ရက် စိပ်စိပ်လေးတွေ့ကြ တာ။ အဲဒီအခါကျရင် ဘာတွေ ပြောမလဲ။ အခုဆိုရင် အစိုးရ ဘက်က ဝန်ကြီးဌာနက ညွှန်ကြား ရေးမှူးတွေ လွှတ်ပေးတယ်။ အဲဒီ လိုပဲ ရုံပိုင်ရှင်တွေဖိတ်ထားတယ်။ လာတယ်။ နောက်တစ်ခါ ရုပ်ရှင် အစည်းအရုံးလည်း   ဖိတ်ထား တယ်။ လာတယ်။ အဲဒီတော့ တဖြည်းဖြည်းချင်း ၂၁ ရက်နေ့ဆို လူပြန်များလာမယ်။ အဲဒီလို စိပ် စိပ်လေးတွေ့သွားပြီးမှ နောက် ဆုံးပြောမယ့်စကားစုကို ရွေးမှာ ပေါ့။ Workshop မှာ ရုပ်ရှင်ရုံ တွေအကြောင်း ပြောမယ်ဆိုရင် ရုံပိုင်ရှင်တွေဘက်က ပြောမယ်၊ ထုတ်လုပ်သူတွေဘက်က ပြော မယ်။ ဒါရိုက်တာတွေဘက်က ပြောမယ်။ သူတို့တက်ပြောကြ လေ။ စာတမ်းလေးတော့ သပ် သပ်ရပ်ရပ်လေးဖြစ်စေချင်တယ်။ ပြီးတော့ ဆွေးနွေးခွင့်ပေးမယ်။ အားလုံးဆွေးနွေးကြပေါ့။ အဲဒီလို လုပ်မှာပါ။ လောလောဆယ် မှန်း ထားတာတော့ ဩဂုတ် ၁၂၊ ၁၃ လောက်လုပ်မလို့။ နိုဗိုတယ်မှာပဲ လုပ်ဖို့ မှန်းထားတယ်။ နယ်ကလာတဲ့လူတွေ တည်းဖို့လည်းရှိတာ ကိုး။ ကျွန်တော်တို့ ရန်ကုန်ကလူ တွေချည်းပဲ မဖြစ်ဘူးလေ။ နယ်က အခွေငှားတဲ့လူတွေပါ ဖိတ်ရမှာ ကိုး။ အခွေငှားဆိုင်တွေကို၊ သူတို့ အတွက်လည်း စီစဉ်ပေးရမှာ။ ရုပ်ရှင်အစည်းအရုံးရဲ့ ပိုက်ဆံနဲ့ မဟုတ်ဘဲ ကျွန်တော်တို့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်လုပ်ကြမှာ။
အခုလိုလုပ်ဖြစ်တာက ဦးရေးနေ တဲ့ ဆောင်းပါးလို ရုပ်ရှင်မစည်း မရုံးကနေ ရုပ်ရှင်အစည်းအရုံးဖြစ် လာအောင်လို့ ပြောလို့ရလား။
အဲဒီလိုလည်း ပြောလို့ရပါ တယ်။ ကျွန်တော်က မစည်းမရုံး ဖြစ်နေတာကို မကြိုက်တာလေ။ တကယ်တော့ ကျွန်တော့်ကို ထမင်းကျွေးတာက ဒီလောကကြီး ကိုး။ ကိုယ်မရိုက်ပေမယ့် ဒီဟာကို အကျိုးရှိအောင်လုပ်မယ်၊ ကိုလူ မင်းကိုလည်း အကုန်လုံးချစ်ချစ် ခင်ခင် အလုပ်လုပ်ကြစေချင် တယ်။ တစ်ယောက်ကိုတစ် ယောက် ပြဿနာတွေရှာ၊ လက် ညှိုးတွေထိုး၊ အပြစ်တွေပြော အဲ ဒါကြောင့် ကျွန်တော်က လုပ်ကြ ရအောင်ဆိုပြီး အကုန်တိုင်ပင်ပြီး လုပ်ကြတာ။ စိတ်ကူးရပြီးတော့ ကျွန်တော်လည်း စာတွေရေးပြီး အဖြေလည်းထွက်မလာဘူး။ အဲဒီ တော့ ဒီလိုလုပ်မှ အဖြေထွက် တော့မှာ။ အဲဒါကြောင့် ကိုလူမင်း ကလည်း မနေ့က တာချီလိတ် သွားတဲ့အတွက် နောက်ရက်ကျ ရင် သူတက်မယ်။ ထိုနည်းတူ အ ရင်ဥက္ကဋ္ဌဖြစ်တဲ့ ကိုဇင်ဝိုင်းလည်း လာတက်၊ ဘကြီးအောင်ရော၊ ရုပ်ရှင်နာယကတွေရော၊ ရုပ်ရှင် အများပိုင် ဦးစူဝမ်းတို့လည်း  လာတက် အကုန်ခေါ်ပါတယ်။ တဖြည်းဖြည်းချင်းတော့ ဒီဟာကြီးက အဖြေပေါ်သွားရင် အရမ်း ကောင်းသွားမှာပါ။
ကျေးဇူးတင်ပါတယ်။

No comments: