မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 4, 2016
ဇီကာဗိုင်းရပ်စ်(Zika Virus)ကာကွယ်ရေး မန္တလေးတွင် အင်အားဖြည့်ဆောင်ရွက်။
ဇီကာဗိုင်းရပ်စ်(Zika Virus)ကာကွယ်ရေး မန္တလေးတွင် အင်အားဖြည့်ဆောင်ရွက်။
================
မန္တလေးတိုင်းဒေသကြီးတွင် ဇီကာဗိုင်းရပ်စ်(Zika Virus)
ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြပ် ကြည့်ရှု
လုပ်ငန်းများနှင့်ခြင်ကျားနှိမ်နှင်းရေးလုပ်ငန်းများကို
အထူးကုဆရာဝန်ကြီးများနှင့်အတူအင်အားဖြည့်တင်း ဆောင်ရွက် နေကြောင်း
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဗိုင်းရပ်စ်သည် လက်တင်အမေရိကတွင် ဖြစ်ပွားနေပြီး
အာရှနိုင်ငံများနှင့် အာဖရိကသို့ ကူးစက်ပျံ့နှံ့
နိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှဖေဖော်ဝါရီ(၂)ရက်နေ့က
ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့
ဆောင်ရွက်ခြင်းဖြစ်သည်။
“သွေးလွန်တုပ်ကွေးကူးစက်စေတတ်တဲ့ ခြင်ကျားကတစ်ဆင့် ဇီကာဗိုင်းရပ်စ်
ကူးစက်တာဖြစ်လို့ ခြင်ကျား အကိုက်မခံဖို့ ကာကွယ်ရေး
လုပ်ငန်းကအရေးကြီးတယ်။ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်လို့
မရဘူး။ပြည်သူလူထု ညွှန်ကြားချက်တွေကိုလိုက်နာခြင်းဖြင့် ပူးပေါင်း
ဆောင်ရွက်ရမှာပါ။”ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန
ဦးစီးမှူးဒေါက်တာဝင်းနိုင်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့်
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ လေယာဉ်ကွင်းတွင် အင်အားတိုးချထားပြီးပြင်ပနိုင်ငံများမှ ၀င်ရောက်လာသည့်
နိုင်ငံခြားခရီးသွား ဧည့်သည် များကိုစောင့်ကြပ်လေ့လာကြည်ရှုနေသည်ဟုဆိုသည်။
“ခြင်ကျားနှိမ်နင်းရေးကို မြို့တော်စည်ပင်နဲ့ NGO တွေကလည်း
လိုက်ပါလုပ်ဆောင်နေကြတယ်။ သွေးလွန် တုတ်ကွေးလိုတော့
လက္ခဏာပြင်းထန်တာမရှိပေမယ့် နောက်ဆက်တွဲက ဆိုးရွားလာနိုင်တယ်။
ခုခံအားစနစ်က ခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်ကို တိုက်ခိုက်ခံရတာပဲ။အသက်
အရွယ်မရွေး ဖြစ်နိုင်ခြေရှိ ပါတယ်။" ဟု ဒေါက်တာဝင်းနိုင်က၄င်းကဆက်လက်ပြောကြားသည်။
ဗိုင်းရပ်ကူးစက်ခံရမှုခံစားရသူများတွင် ခြေလက်များထုံကျင်၍
ကြွက်သားအားနည်းလာတတ် ကြောင်း၊ဆိုးရွား လာပါက အသက်ရှူလမ်းကြောင်းရှိ
ကြွက်သားများထိခိုက်ခံရကာ ဆေးရုံတွင် ကုသခံရသည်ထိ ဖြစလာနိုင်
ကြောင်း၊ကိုယ်ဝန်ဆောင်အမျိုးသမိးများ ကူးစက်ခံရပါက မွေးဖွားလာမည့်
ရင်သွေးမှာ အသက်ကြီးသည် အထိ ဦးနှောက်ဖွံ့ဖြိုးမှု
မရှိသူတစ်ယာက်ဖြစ်လာနိုင်ကြောင်းသိရသည်။
သွေးလွန်တုတ်ကွေးဖြစ်ပွားစေသည့် အေးဒီးခြင်(ခြင်ကျား)ကိုက်ခံရမှုမှ
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပြီး လက်ရှိအခြေအနေတွင် တားဆီးနိုင်သည့်
ဆေးဝါးမရှိ သေးကြောင်း၊တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ပြည်သူ့
ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာခဲ့
ခြင်းဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment