မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 4, 2016
AA သူပုန်အဖွဲ့ကို ဦးအေးသာအောင် မြှောက်ပင့်ပေးနေတယ်
AA သူပုန်အဖွဲ့ကို ဦးအေးသာအောင် မြှောက်ပင့်ပေးနေတယ်
4-2-2016
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ `` AAတပ်ဖွဲ့ရခိုင်ပြည်နယ်မှာ အခြေချဖို့ ဘာကြောင့် ကြိုးစားတာလဲ ´´ ခေါင်းစည်းပိုင်းနဲ့ ဦးအေးသာအောင်(ရခိုင်အမျိုးသားပါတီ)ရဲ့ အမြင်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ AA ဟာ သူပုန်အဖွဲ့ပါ။ အစိုးရကလည်း တရားဝင်အသိအမှတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့ထဲမှာ မပါဝင်ပါဘူး။ ဒါ့ကြောင့် NCA မှာ လက်မှတ်ထိုးခွင့် မပေးခဲ့တာဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်မှာ နေချင်ရင်တော့ ALP ပါတီနဲ့ ပူးပေါင်းရမယ်လို့ အစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဒါဆိုရင် AA က ALP ပါတီနဲ့ ဘာကြောင့်မပူးပေါင်းခဲ့တာလဲ။ ရခိုင်ပြည်နယ်အကျိုးသယ်ပိုးဖို့ တကယ်ဆန္ဒရှိ တယ်ဆိုရင် AA ဟာ ALP နဲ့ မဖြစ်မနေပူးပေါင်းသင့်တာကြာပါပြီ။ ဦးအေးသာအောင်အနေနဲ့ ALP မှာ လာပူးပေါင်းဖို့ AA ကို ဖိတ်ခေါ်ခဲ့ဖူးလား။ ALP က တစ်ဖွဲ့၊ AAက တစ်ဖွဲ့ခွဲပြီး နေလို့ကတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေဟာ ရှုပ်ယှက်ခတ်ပြီး ရေတွက်လို့ရမှာ မဟုတ်တော့ဘူး။ ဦးအေးသာအောင်က `` AA လို အဖွဲ့အစည်းတွေကလည်း ခုနကလို အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့အတွက် လက်နက်ကိုင်တွေထောင် တယ်။ AA ရဲ့သတင်းက အခုမှမဟုတ်ဘူး ကြာပြီ။ ခိုင်ရာဇာကျဆုံးသွားတယ်။ AA ပြိုကွဲသွားတယ် ´´ ဆိုပြီး ပြောသွားတာရှိပါတယ်။ အဖြေကရှင်းနေပြီပဲ။ AA ပြိုကွဲသွားရက်သားနဲ့ ခုမှဘာဖြစ်လို့ပြန်ပြီး ပေါ်လာတာ လဲဆိုတော့ KIA က အသုံးချဖို့အတွက် ဖန်တီးလိုက်တဲ့ သူပုန်အဖွဲ့ဆိုတာ ငြင်းလို့မှမရဘဲ။
ဦးအေးသာအောင်အနေနဲ့ လက်ရှိ AA အဖွဲ့ဟာ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာမှာအခြေပြုနေတယ်ဆိုတာလည်း ၀န်ခံထားတယ်။ အရင်က AA က ရခိုင်ပြည်နယ်အတွက်ဆိုတာ ဟုတ်ချင်ဟုတ်လိမ့်မယ်။ လက်ရှိ AA ကတော့ ရခိုင်ပြည်နယ်အတွက်မဟုတ်ဘဲ KIA အတွက်ဆိုတာရှင်းပါတယ်။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ AA ခေါင်း ဆောင်တွေဖြစ်တဲ့ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်နဲ့ ကျော်ဟန်တို့ဟာ KIA လက်သပ်မွေးပြီး ခိုင်းစားခံနေရတဲ့ လူ့ငနွားတွေဖြစ်နေလို့ပါပဲ။ ဖားကန့်မှာရေမဆေးကျောက်လာတူးတဲ့ ရခိုင်တွေကို KIA ကဖမ်းသွားတယ်။ လိုင်ဇာလည်းရောက်ရော ရခိုင်တွေနည်းနည်းများတဲ့အတွက် KIA မှာ အကြံပေါ်လာတယ်။ AA ဆိုတဲ့အမည်နဲ့ စစ်သင်တန်းတွေပို့ချတယ်။ ယူနီဖောင်းနဲ့သေနတ်တွေထုတ်ပေးတယ်။ စားစရာရိက္ခာနဲ့လစာတစ်ပဲခြောက်ပြား ပေးတယ်။ နောက်တော့ KIA က သူအသုံးချချင်တဲ့ နယ်မြေတွေမှာ AA ကို အသုံးချတယ်။
အနီးစပ်ဆုံးပြောရရင် လောက်ကိုင်ဒေသကို ပြန်တိုက်လာတဲ့ MNDAA သောင်းကျန်းသူအဖွဲ့ဘက်ကနေ AA ကူတိုက်ပေးခဲ့တယ်။ လောက်ကိုင်ဖြစ်စဉ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တဲ့အတွက် အစိုးရက လက်မခံနိုင်ဘဲ ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို အချုပ်အခြာအာဏာကို ထိပါးတဲ့အထဲမှာ AA လည်း ပါဝင်ခဲ့တာပဲလေ။ အဲဒီအချိန်တုန်းက AA ရဲ့ လုပ်ရပ်ကို ဦးအေးသာအောင်အနေနဲ့ ထောက်ခံခဲ့တဲ့ သဘောသက်ရောက်နေပါတယ်။ AA ကို ရခိုင်ပြည်သူပြည်သားတွေက လောက်ကိုင်တိုက်ပွဲဖြစ်စဉ်မှာ အသိအမှတ်ပြုခဲ့ကြလား ပြန်စဉ်းစားကြည့်ပါ။ တစ်တိုင်းပြည်လုံးက လောက်ကိုင်ဖြစ်စဉ်ကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
AA ကို ဦးအေးသာအောင်က လက်ခံတဲ့သဘောဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲကို AA ရောက်လာတာ ဘာကြာသေးလို့လဲ။ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်အောင် ဖန်တီးပြီး ရခိုင်ပြည်နယ်မှာ အခြေချချင်တယ်၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် လိုချင်တယ်ဆိုပြီး တောင်းလာတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရခိုင်မှာ ဘင်္ဂါလီတွေသောင်းကျန်းတော့ AA ဘယ်ရောက်နေလဲ။ ရခိုင်ပြည်သူတွေအပေါ် ဘင်္ဂါလီတွေရဲ့ အနိုင်ကျင့်မှုတွေကို AA ကာကွယ်ပေးခဲ့လို့ လား။ ဦးအေးသာအောင်သိပါတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို အစိုးရကပဲ ကာကွယ် ပေးခဲ့တာပါ။ AA က KIA ရဲ့ ခွင့်ပြုချက်မရရင် ဘယ်လာလို့ရပါ့မလဲ။ AA ဟာ ရခိုင်အမည်ခံထားပေမယ့် ရခိုင် ပြည်နယ်မှာ မရှိခဲ့ဘူးဆိုတာပေါ်လွင်နေပါတယ်။ လိုင်ဇာမှာ AA နဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ အတူတူစစ်ရေးလေ့ကျင့်မှုတွေ ရှိခဲ့တယ်။ ဒီတော့ ရခိုင်-ဘင်္ဂါလီအရေးမှာ AAကို KIA က မလွှတ်ခဲ့ဘူးဆိုတာ ရှင်းနေပါတယ်။
AA ကဘင်္ဂါလီကို မနှိမ်နင်းပေးခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်မှာအခြေပြုနေတဲ့မွတ်ဆလင်လက်နက်အကိုင်ဖွဲ့တွေနဲ့ တောင် ဆက်သွယ်မှုတွေလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကျောက်တော်မြို့အနီးမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ် ပွားခဲ့တော့ AA မယှဉ်နိုင်ခဲ့ဘူး။ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ပေါင်းပြီး ရခိုင်ထဲဝင်လာမယ်၊ အစိုးရတပ်တွေ ကို တိုက်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ပလက်ဝဒေသခံ ချင်းတိုင်းရင်းသားများအား AA မှ အနိုင်ကျင့် ခြိမ်းခြောက်မှုအပေါ် CNA မှ လက်မခံဘဲ ပလက်ဝမြို့နယ်မှ AA ထွက်ခွာသွားရန်နှင့်မသွားပါက လက်နက်ကိုင် တိုက်ထုတ်မည်ဟု အသိပေး ပြောကြားထားပြီး ဖြစ်ပါတယ်။ အမျိုးသားသစ္စာဖောက် AA သူပုန်အဖွဲ့ကို ရခိုင်မှာ မပြောနဲ့ မြန်မာ နိုင်ငံဘယ်နေရာမှာမဆို ရှိမနေတော့အောင် ရှင်းလင်းသုတ်သင်ပစ်တာ အကောင်းဆုံးပဲလို့မြင် ပါတယ်။ ဦးအေးသာအောင်ဆိုတဲ့လူကလည်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လို့သာ ပြောတာပါ။ ရခိုင်မှာ ALP နဲ့ AA ဆိုပြီး နှစ်ဖွဲ့ခွဲနေချင်တဲ့ အကြံအစည်မျိုးကြံစည်နေပုံရတယ်။ ရှမ်းမြောက်မှာလက်နက်ကိုင်အဖွဲ့ တွေရဲ့ နယ်မြေအငြင်းပွားမှုတွေဟာ ခုချိန်ထိ ပြေလည်မှုမရသေးဘူး။ AA ကလည်း ပလက်ဝကို သူတို့ နယ်မြေပါဆိုပြီး ပြဿနာသွားရှာတယ်။ ရခိုင်ပြည်နယ်အကျိုးကို တကယ်ဆောင်ရွက်ဖို့ ရည်ရွယ်ချက်ချင်းတူတဲ့ ALP နဲ့ AA တို့ ပူးပေါင်းရမှာပေါ့။ ဘာဖြစ်လို့မပေါင်းတာလဲဆိုတာ ဦးအေးသာအောင်ရှင်းပြဖို့လိုပါတယ်။ AA သူပုန်အဖွဲ့ကို ဦးအေးသာအောင်မြှောက်ပင့်ပေးနေတယ်။ ထိန်းမရသိမ်းမရဖြစ်လာရင်တော့ ဦးအေးသာအောင် မှာ တာဝန်ရှိ တယ်လို့ပဲ ပြောချင်ပါတယ်။
ကိုထိုက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment