Thursday, February 4, 2016

လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်အပ်နှံထားသော မိန်းကလေးငယ် (၃)ဦးတို့နှင့်ပတ်သက်၍ အသိပေးဖော်ပြခြင်း ==============

လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်အပ်နှံထားသော
မိန်းကလေးငယ် (၃)ဦးတို့နှင့်ပတ်သက်၍ အသိပေးဖော်ပြခြင်း
==============

လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊စိန်ပန်းမြိုင်လမ်းနေ ဒေါ်အေးစန္ဒာဝင်းသည်
၎င်းနေအိမ်ရှေ့တွင် ညလုံးပေါက်ထမင်းဆိုင်အား ဖွင့်လှစ်ရောင်းချနေစဉ်
၃.၂.၂၀၁၆ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ဆိုင်ရှေ့သို့ ကလေးငယ်(၃)ဦး
ရောက်ရှိလာသဖြင့် ၎င်းတို့အားမေးမြန်းရာ မတင်တင်မော်၊ မသဇင်နှင့် မဂျူးဂျူး
တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့၏နေရပ်လိပ်စာများအား တိကျစွာဖြေဆိုနိုင်
ခြင်းမရှိသဖြင့် နေအိမ်၌ခေတ္တခေါ်ထားပြီး ၀၉၀၀ အချိန်တွင် အမှတ်(၇)
ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့သွားရောက် အပ်နှံခဲ့ရာ အုပ်ချုပ်ရေးမှူးမှ လှိုင်သာယာမြို့မရဲစခန်း သို့သွားရောက်အပ်နှံရန်ပြောသည်။

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ ၎င်းမိန်းကလေးငယ်(၃)တို့နှင့်
ပတ်သက်၍ စိစစ်မေးမြန်းရာ မတင်တင်မော်၊ (၈)နှစ်၊ (ဘ)ဦးထွန်းနိုင်၊ (မိ)
ဒေါ်တင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့ တွင်နေထိုင်
ကြောင်း၊ မသဇင်၊ (၈)နှစ်၊ မိဘအမည်မသိ၊ ရန်ကုန်ဘူတာကြီးတွင်နေ
ထိုင်ကြောင်း၊ မဂျူးဂျူး၊ (၉)နှစ်၊ (ဘ)ဦးသန်းဦး၊ (မိ)ဒေါ်ချို၊ နေရပ်လိပ်စာ
မသိတို့ဖြစ်ကြောင်း၊ ၎င်း၏နေရပ်လိပ်စာအား စုံစမ်းအတည်ပြုလျက်ရှိပြီး ကလေးငယ်(၃)ဦးအား လှိုင်သာယာမြို့မရဲစခန်းတွင် ခေတ္တ ထိန်းသိမ်းထားရှိပါသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာရပ်ကွက်များနှင့် အနီးဝန်းကျင်တို့တွင် ကလေးငယ်များ ပျောက်ဆုံးမှုရှိ၊
မရှိနှင့် ၎င်းတို့နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက
အောက်ပါဖုန်းနံပါတ် များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်း
ကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇

No comments: