မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 4, 2016
ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း အိန္ဒိယကုမ္ပဏီ ပြောကြား
ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း အိန္ဒိယကုမ္ပဏီ ပြောကြား
အိန္ဒိယဆေးကုမ္ပဏီ တစ်ခုက ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အလျင်အမြန် ပျံ့နှံ့နေသော ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကမ္ဘာ့အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီးနောက် အိန္ဒိယကုမ္ပဏီက ယခုကဲ့သို့ ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Bharat Biotech က တစ်နှစ်အတွင်း ကာကွယ်ဆေးနှစ်မျိုး ပြုလုပ်ထားကြောင်းနှင့် လက်တွေ့စမ်းသပ် အသုံးပြုမှု မတိုင်မီ တိရစ္ဆာန်များ၌ စမ်းသပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလေးငယ်များ၌ ဦးနှောက်ပျက်စီးစေမှု မြင့်တက်စေသည်ဟု ယူဆထားသော ခြင်မှတစ်ဆင့် ကူးစက်သည့် လက်တင်အမေရိကတွင် ပျံ့နှံ့နေသော ဇီကာဗိုင်းရပ်စ်အတွက် လက်ရှိအချိန်အထိ အတည်ပြုပြီး ကာကွယ်ဆေး မရှိသေးပေ။
"ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်ခုအတွက် ကမ္ဘာ့မူပိုင်ခွင့် တစ်ရပ်ကို ပထမဆုံး စာရင်းသွင်းခဲ့တာ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ ပထမဆုံးပါပဲ" ဟု အိန္ဒိယကုမ္ပဏီ၏ ဥပဒေရေးရာနှင့် ဥာဏပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုဌာန အကြီးအကဲ ရာဂျာရှီဒါးဂုတ်တားက ပြောကြားခဲ့သည်။ သူက ၎င်းတို့၏ ကုမ္ပဏီသည် လွန်ခဲ့သည့် တစ်နှစ်ခန့် ကတည်းက မူပိုင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://goo.gl/Xb8aPd အိန္ဒိယဆေးကုမ္ပဏီ တစ်ခုက ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အလျင်အမြန် ပျံ့နှံ့နေသော ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကမ္ဘာ့အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီးနောက် အိန္ဒိယကုမ္ပဏီက ယခုကဲ့သို့ ထုတ်ဖော်ပြောကြား ခဲ့ခြင… news-eleven.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment