မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
လာမည့်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းများ၌ ဆရာ/မများ တိုးမြှင့်ခန့်ထားခွင့်ပြုမည် ---------- ------- --------
လာမည့်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းများ၌ ဆရာ/မများ တိုးမြှင့်ခန့်ထားခွင့်ပြုမည်
---------- ------- --------
လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းတိုင်းတွင် ကျောင်းအုပ်တစ်ဦးနှင့် ဆရာ ၆ ဦး ထားရှိရန်အတွက် မူလတန်းပြရာထူးနေရာ ၁၂၆,၀၀၀ ကျော် တိုးမြှင့်ခန့်ထားရန် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏` အမိန့်ကြော်ငြာ စာအမှတ် (၁၉/၂၀၁၆) အရ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းတိုင်းတွင် ကျောင်းအုပ် ၁ ဦး၊ မူလတန်းပြနေရာအတွက် ၆ ဦးနှင့် အထွေထွေလုပ်သားနေရာ ၁ ဦး စုစုပေါင်း ၈ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည့်အတွက် အခြေခံပညာ မူလတန်းကျောင်းပေါင်း ၄၃,၉၃၀ အတွက် မူလတန်းပြရာထူးနေရာ ၁၂၆,၈၅၄ နေရာကို ထပ်မံ့ဖြည့်ဆည်းခွင့် ပြုကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ မူလတန်းကျောင်း ၄၃,၉၃၀ အတွက် မူလတန်းပြ ဆရာ/ဆရာမ ၁၃၆,၇၂၆ ဦး ဖြင့် ဖွဲ့စည်းထားရာ အသစ်ထပ်မံခန့်ထားမည့် မူလတန်းပြ ရာထူးနေရာ ၁၂၆,၈၅၄ နေရာနှင့်ဆိုလျှင် အခြေခံပညာ မူလတန်းတွင် မူလတန်းပြ ဆရာ/ဆရာမ စုစုပေါင်း ၂၆၀,၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
၁၉၅၀ ခုနှစ်ခန့်တွင် အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းအုပ် ၁ ဦးနှင့် ဆရာ/ဆရာမ ၂ ဦးသာ ဖွဲ့စည်းမှုရှိခဲ့ရာ ကျောင်းအုပ် ၁ ဦး၊ ဆရာ ၄ ဦးအထိ တိုးမြှင့်ခဲ့ကြောင်း လာမည့်နှစ်တွင် ၁၂ တန်းပညာရေးကို စတင်မည်ဖြစ်သည့်အတွက် ပဉ္စမတန်းသည် မူလတန်းအဆင့်တွင် ၀င်ရောက်သွားမည် ဖြစ်သည့်အတွက် အခြေခံပညာ မူလတန်းကျောင်းများတွင် မူလတန်းပြ ဆရာ/ဆရာမများကို တိုးမြှင့်ခန့်ထားခြင်း ဖြစ်ကြောင်း ယင်းအတွက် အခြေခံပညာ မူလတန်းကျောင်း များ၏ ဖွဲ့စည်းမှုပုံစံသည် ၁+၆ အဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ မူလတန်းပြ ဆရာ/ဆရာမများကို မွေးထုတ်ရာတွင် ပညာရေးကောလိပ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာရေး ကောလိပ်များတွင် ကာလတို ၃ လမှ ၆ လ သင်ရိုးများ ဖြင့် သင်ကြားပြီး မူလတန်းပြ ဆရာများကို မွေးထုတ်လျက်ရှိကြောင်း သိရသည်။
သတင်း - သူရိယ
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment