မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
ရခိုင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော ပြည်သူများအတွက် အမေရိကန်အစိုးရမှ ကန်ဒေါ်လာငါးသန်း ကူညီထောက်ပံ့သွားမည် +++++++++++++++++++++++++++
ရခိုင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော ပြည်သူများအတွက် အမေရိကန်အစိုးရမှ ကန်ဒေါ်လာငါးသန်း ကူညီထောက်ပံ့သွားမည်
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-အမေရိ ကန်အစိုးရမှ ရခိုင်ပြည်နယ်အတွင်း ရှိ အကူအညီလိုအပ်နေသည့် ပြည် သူများအတွက် အမေရိကန်ဒေါ်လာ ငါးသန်း ကူညီထောက်ပံ့သွားမည်ဖြစ် ကြောင်း အမေရိကန်သံရုံးမှ ဖေဖော် ဝါရီ ၁ရ ရက်တွင် ကြေညာ ချက်ထုတ် ပြန်လိုက်သည်။
မြန်မာပြည်သူထူထုကို အကူ အညီပေးရေးအတွက် ထားရှိသော ကတိက ဝတ်များကို ဆက်လက်အ ကောင်အထည်ဖော်ဆောင် သည့်အ နေဖြင့် အမေရိကန်ပြည်ထောင်စု နိုင် ငံတကာဖွံ့ဖြိုးရေးအေဂျင်စီမှ ရခိုင် ပြည် နယ်အတွင်းရှိ လုပ်ငန်းအစီအ စဉ်တစ်ခု ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခဘေးသင့် လူမှုအ သိုက်အဝန်းများ ၊ နေရပ်ပြောင်းရွှေ့ ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူ များအတွက် အသက်မွေးဝမ်းကျောင်း နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ရန် အမေရိ ကန်ဒေါ်လာငါးသန်း ကူညီပံ့ပိုးသွား မည်ဖြစ်ကြောင်း အဆိုပါကြေညာချက် တွင် ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် နယ်မှ အရပ်ဘက်အဖွဲ့အစည်းတစ် ခုဖြစ်သော ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ''အဓိက ကတော့ ရခိုင်ပြည်နယ်အနေနဲ့ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ အရင်ကလည်း နိုင် ငံတကာအလှူငွေတွေ အများကြီးရှိ ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်လိုအပ် တဲ့ ပြည်သူတွေဆီကို မရောက်တာတွေ ရှိတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ လူ မှုအဖွဲ့ အစည်းတွေ ကိုယ်တိုင်ကလည်း အားနည်းမှုတွေရှိပါတယ်။ တကယ် တော့ မှန်ကန်တဲ့အဖွဲ့အစည်းတွေနဲ့ မှန်ကန်တဲ့လူတွေဆီ ကိုရောက်ပြီး လက် တွေ့အကောင်အထည်ဖော် တာတွေ လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေ နဲ့ကတော့ အခုလိုကူညီတာ ကိုကြိုဆို ပါတယ်။ တကယ်လို့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖော်ဆောင်ပေး မယ် ဆိုရင်တောင် ဒီမှာက အလုပ်အ ကိုင်အခွင့်အလမ်းက မရှိပါဘူး။ ဒါ ကြောင့် အလုပ်လုပ်နိုင်တဲ့လူငယ်တွေ လည်း ပြည်ပရောက်ကုန်တယ်။ တ ကယ်တော့ ကျွန်တော်တို့ပြည်နယ် ဟာ စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကို အဓိက လုပ်ကိုင်သူများတဲ့အတွက် ဒီလုပ် ငန်းတွေလုပ်ကိုင်နိုင်ဖို့နဲ့ အသေး စား ချေးငွေတွေ ဖော်ဆောင်ပေးတာတို့ လုပ်ပေးသင့်တယ် လို့မြင်ပါ တယ်''ဟု ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒီမိုက ရေစီတူဒေး သတင်းစာ သို့ ပြောသည်။
အမေရိကန်ပြည်ထောင်စု နိုင် ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ လုပ် ငန်းအစီအစဉ်အရ ရခိုင်ပြည်နယ်အ တွင်းရှိ အိမ်ထောင်စု ၉၀၀၀ ခန့် သို့ မဟုတ် လူဦးရေ ၄၅၀၀၀ ခန့်မှာ အ ခြေခံဝန်ဆောင်မှုများ၊ ဈေးကွက်၊ အခြေခံအဆောက်အအုံနှင့် စီးပွား ရေး အခွင့်အလမ်းများကို ပိုမိုလက် လှမ်းမီလာနိုင်မည်ဖြစ်ကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လူ့အ သိုက်အဝန်း အားလုံး၏ လူနေမှုဘဝ အရည် အသွေးများ တိုးတက်ရေးအ တွက် အမေရိကန် သံရုံးက နိုင်ငံတ ကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ ယင်းသို့ဆောင် ရွက်ရာတွင် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးခြင်း၊ အခြေခံ အဆောက် အအုံများတိုးတက်အောင် ဆောင်ရွက် ပေးခြင်း၊ ပညာရေး အခွင့်အလှမ်းများ တိုးချဲ့မြှင့် တင်ပေးခြင်း၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်းကျောင်းမှုအခွင့် အရေးများ ပံ့ပိုးပေးခြင်းတို့အပြင် လူ့ အသိုက်အဝန်းအကြား ယုံကြည်မှု တည်ဆောက်ရေးတွင်လည်း ပါဝင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
MMA
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment