မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ညဘက်ရပ်နားထားသည့်ကားများမှ ငွေကြေးနှင့်ပစ္စည်းများ ခိုးယူရန်ကြံစည် သူများကို ကားတစ်စီး၊ဓားလက်နက်များးဖြင့် ဖမ်းမိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ညဘက်ရပ်နားထားသည့်ကားများမှ ငွေကြေးနှင့်ပစ္စည်းများ ခိုးယူရန်ကြံစည် သူများကို ကားတစ်စီး၊ဓားလက်နက်များးဖြင့် ဖမ်းမိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဖေဖော်ဝါရီ ၇
ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ ညဘက်ရပ်နား သည့် ကားများအတွင်းမှ ငွေကြေးနှင့်ပစ္စည်းများကို ပရိုဘောက်စ်ကားတစ်စီး ဖြင့် လှည့်လည်သွားလာ၍ အဖွဲ့ဖြင့်ခိုးယူနေကြောင်း သတင်းများအရ ရွှေတွင်း ကုန်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းခေါင်းဆောင်တို့သည် ကားများ ရပ်နားထားသည့်နေရာများ၌ ကင်းပုန်းများဝပ်၍ ဖြန့်ခွဲစောင့်ကြည့်နေ စဉ် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ နာရီခွဲတွင် ပရိုဘောက်စ်ကားတစ်စီးဖြင့် လူသုံးဦးရောက်လာပြီး ပြည်စံအောင်ရပ်ကွက် ရှင်းလင်းဆောင်ရှေ့၌ ရပ်နား ထားသော နောက်တွဲကားတစ်စီးပေါ်သို့ တက်ရောက်၍ ခိုးယူရန်ကြံစည် စဉ် နောက်တွဲကားမှာ မောင်းနှင်ထွက်သွားကြောင်း တွေ့ရှိသဖြင့် ဖြန့်ခွဲထားသော အင်အားများအား စုစည်း၍ သက်သေ ဦးမြင့်ခိုင်၊ ဦးကျော်လွင်ဦးတို့နှင့် အတူ ပရိုဘောက်စ်ကားကို စစ်ဆေးရာ လယ်ဝေးမြို့နယ် ကုလားရွာနေ သူများ ဖြစ်ကြသည့် ချစ်ဦးမောင် (၂၂ နှစ်)၊ ကျော်မင်းနိုင်(ခ) ထန်းကျော် (၂၇ နှစ်)၊ ဇင်လင်းအောင်(ခ) ဇင်လေး (၂၅ နှစ်)တို့ကိုတွေ့ရှိပြီး ¤င်းတို့နှင့်အတူ ငှက်ကြီးတောင်ဓားဦးချွန် ဓားရှည်တစ်ချောင်း၊ ရောင်စုံခဲတံ ချွန်ဓား ခုနစ် ချောင်း၊ ဝတ်အူလှည့် နှစ်ချောင်း၊ ပလာယာ တစ်လက်၊ လေးခွနှစ်လက်၊ လောက်စာလုံး ၁ဝဝ ခန့်၊ လက်နှိပ်ဓာတ်မီး နှစ်လက်၊ လက်ပတ်နာရီ တစ်ခု၊ တစ်ထောင်တန် ငွေစက္ကူ ၁ဝ ရွက်နှင့် လက်ကိုင်ဖုန်း သုံးလုံး၊ ပရိုဘောက်စ် ကားတစ်စီးတို့ကို သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ဦးမောင်ပါ သုံးဦးအား ရွှေတွင်းကုန်း မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုကိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment