မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ရွေးကောက်ပွဲမဲဆွယ်ကာလ နီးကပ်လာချိန်တွင် ဖိလစ်ပိုင်မြို့တော်ဝန် သေနတ်ဖြင့် ပစ်ခတ်ခံရ -----------------------------------
ရွေးကောက်ပွဲမဲဆွယ်ကာလ နီးကပ်လာချိန်တွင် ဖိလစ်ပိုင်မြို့တော်ဝန်
သေနတ်ဖြင့် ပစ်ခတ်ခံရ
-------------------------------------------------------
မနီလာ၊ ဖေဖော်ဝါရီ၊ ၇
ဖိလစ်ပိုင်နိုင်ငံတွင် မေလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ကာလစတင်ရန် ၂ ရက်ခန့်အလိုတွင် မြို့တော်ဝန်တစ်ဦး
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မြို့တော်ဝန် ဂျက်စပါကျူသည် တနင်္ဂနွေနေ့၊ ဒေသစံတော်ချိန်မနက် ၉ နာရီ ခန့်က သက်တော်စောင့် ၂ ယောက်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ဇမ်ဘိုအန်ဂါမြို့ တွင်းတွင် ကားဖြင့်သွားလာစဉ် ဆိုင်ကယ်စီးသေနတ်သမားတစ်ဦးက ၄င်းစီးနင်းလာသည့်ကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်သော ကျူသည် တဝီတဝီခရိုင်၊ အစွန်အဖျားရှိ ဘွန်ဂါအိုမြို့၏ မြို့တော်ဝန်ဖြစ်သည်။
မြို့တော်ဝန်ကျူသည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လက်၊ ခြေထောက်
နှင့်တင်ပါးတို့တွင် သေနတ်ဒဏ်ရာ ၃ ခုရရှိခဲ့ကာ လက်ရှိအချိန်တွင်
ဇမ်ဘိုအန်ဂါမြို့ရှိ ဆေးရုံတစ်ရုံတွင် ကုသမှုခံယူလျှက်ရှိသည်။
မြို့တော်ဝန်ကျူသည် လက်ရှိသမ္မတ ဘန်နစ်ဂနိုအကွီနို၏ လစ်ဘရယ်
ပါတီဝင်တစ်ဦးဖြစ်ပြီး ယခုပစ်ခတ်လုပ်ကြံမှုသည် ရွေးကောက်ပွဲနှင့်
ဆက်နွယ်မှု ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရေးပြိုင်ဆိုင်မှုပြင်းထန်သည့်နိုင်ငံတစ်နိုင်ငံဖြစ်
သဖြင့် ရွေးကောက်ပွဲကာလတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိသည့်
နိုင်ငံ ဖြစ်သည်။
၂ဝ၁ဝ ခုနှစ်ကဆိုလျှင် ရွေးကောက်ပွဲကာလဆက်စပ်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၇၉ ဦးအထိအသက်ဆုံးရှုံးခဲ့သည်။
သို့ရာတွင် လက်ရှိအချိန်ထိ လာမည့်မေလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ဆက်စပ်သော တိုက်ခိုက်မှုတစ်ခုမှ ဖြစ်ပွားထားခြင်း မရှိသေးချေ။
သမ္မတနှင့် လွှတ်တော်အမတ်နေရာ ရွေးကောက်ပွဲများအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကာလမှာ လာမည့်အင်္ဂါနေ့တွင် စတင်မည်ဖြစ်ပြီး ဒေသတွင်း ရာထူးများအတွက် မဲဆွယ်ပွဲများမှာမူ မတ်လမှ စတင်မည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment