Monday, February 8, 2016

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောက ဘဝနတ်ထံပျံလွန်တော်မူ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောက ဘဝနတ်ထံပျံလွန်တော်မူ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® ရန်ကုန် ဖေဖော်ဝါရီ ၇ ဆရာတော်၏ထေရုပ္ပတ္တိအကျဉ်း ဖွားမြင်တော်မူခြင်း ဆရာတော်လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့ ငါးသိုင်းချောင်းမြို့နယ် ခမည်း တော် ဦးဘိုဟန်၊မယ်တော် ဒေါ်သိန်းမြ တို့မှ ၁၂၈၈ ခုနှစ် ဒုတိယဝါဆိုလ ဆန်း ၁ ရက်နေ့တွင် ဖွားမြင်တော်မူ ပါသည်။ ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခြင်း ဆရာတော်လောင်းလျာသည် ၁၃ဝ၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စာဘိဝံသကို ဥပဇ္ဈာယ် ပြု၍ ဒေါ်အေးမယ်၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း ဆရာတော်လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ် ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စာဘိဝံသနှင့် စာချဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ် ဆုတောင်းပြည့်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စနှင့် စာချဆရာတော် များ၊ မန္တလေးမြို့ တောင်ပြင်ရွှေရေးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ(အဂ္ဂမဟာပဏ္ဍိတ)၊ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တ (အဂ္ဂမဟာပဏ္ဍိတ) စသော ဆရာတော်တို့ထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ရရှိတော် မူခဲ့ပါသည်။ သာသနာရေးဆောင်ရွက်တော်မူခြင်း ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ဒုတိယဥက္ကဋ္ဌ) ယဉ်ကျေးမှုသင်တန်းများနှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိခြင်း၊ ပရိယတ္တိစာပေများ သင်ကြားပို့ချလျက် ရှိခြင်းစသော သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း ဤသို့လျှင် ဆရာတော်သည် အများပြည်သူ၊ ရဟန်း၊ ရှင်၊ လူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူခြင်း၊ ပရိယတ္တိဝိသာရဒ၊ ပဋိပတ္တိ မာမကဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း၊ ဗုဒ္ဓသာသနာတော်တိုးတက်ပြန့်ပွား ရေးကို အထူးဆောင်ရွက်တော်မူခြင်း၊ ဝိသိဋ္ဌဗုဒ္ဓသာသနဝုဍ္ဎိုကရဂုဏ်၊ ဗုဒ္ဓသာသနာတော် အကျိုးစီးပွားကို အထူးဆောင်ရွက်နိုင်ခြင်း၊ ဝိသိဋ္ဌဗုဒ္ဓသာသနဟိတဓရဂုဏ်၊ ဗုဒ္ဓသာသနာတော်ကို အထူးစောင့်ရှောက် တော်မူခြင်း ဝိသိဋ္ဌဗုဒ္ဓသာသနာနုရက္ခိတဂုဏ်၊ သံဃာတော်များကို ထူးခြား စွာ ကြီးကဲအုပ်ချုပ်နိုင်ခြင်း ဝိသိဋ္ဌမဟာနာယကဂုဏ်၊ ထူးကဲသော ဝိသိဋ္ဌ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော် ဘဒ္ဒန္တတိ လောကအား ၁၃၇၆ (၂ဝ၁၅) ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်းအပ်သော အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ကို အလှူခံရရှိတော်မူပါသည်။ ဘဝနတ်ထံပျံလွန်တော်မူခြင်း ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် ၉၁နှစ်၊ သိက္ခာတော် ၇ဝ ဝါအရ ၁၃၇၇ ခုနှစ် ပြာသို လပြည့်ကျော် ၁၄ရက် (၇-၂-၂ဝ၁၆) တနင်္ဂနွေနေ့ နံနက် ၄နာရီ ၅မိနစ် တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments: