မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ရှမ်းနှင့်ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာများအတွက် SNLD နှင့် ANP ပါတီတို့ အမည်စာရင်းတင်မည်
ရှမ်းနှင့်ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာများအတွက် SNLD နှင့် ANP ပါတီတို့ အမည်စာရင်းတင်မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနေရာများအတွက်
သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားပါတီများဖြစ်သော ရှမ်းတိုင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နှင့် ရခိုင်အမျိုးသားပါတီ (ANP)ပါတီတို့မှ အနိုင်ရကိုယ်စားလှယ်များ၏ အမည်စာရင်းကို အဆိုပြုတင်သွင်းမည်ဖြစ်ကြောင်း ယင်းပါတီများထံမှသိရသည်။
ဖေဖော်ဝါရီလ ၈ရက်နေ့တွင် စတင်ကျင်းပမည့်တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်
အစည်းအဝေးများတွင် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရာထူးနေရာများအတွက်
ရွေးကောက်တင်မြှောက်ရမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ၄င်းတို့က ယင်းသို့
ပြောဆိုခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ပါတီက ရှမ်းပြည်နယ်
လွှတ်တော် ဥက္ကဋ္ဌ နေရာတွင် မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းကျော်သိန်းကိုလည်းကောင်း၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာတွင်လည်း
သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီကိုလည်းကောင်း၊
အမည်စာရင်းတင်မည်ဖြစ်ကြောင်း ယင်းပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းစောအောင်က
ရှင်းပြသည်။
“ ကျွန်တော်တို့ အမည်စာရင်းတင်မှာ သေချာသွားပြီ၊ NLD ပါတီ နဲ့လည်း ညှိနှိုင်း
ပြီးသွားပြီလို့ သိထားပါတယ်” ဟု ၄င်းကဆိုသည်။
ယင်းကိစ္စ နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မို့မို့က “ ကျွန်မတို့ ဆီကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အမည်စာရင်း
ထွက်ပေးတာ မရှိဘူး။ တစ်ခြားပြည်နယ်တိုင်းမှာ ပါတယ်။ သူတို့ ညှိတယ်ဆိုရင်လည်း ဗဟိုနဲ့ပဲ ညှိတာဖြစ်လိမ့်မယ်၊ ကျွန်မတို့က မသိပါဘူး” ဟု ဆိုသည်။
အလားတူ ရခိုင်အမျိုးသားပါတီ ANP ကလည်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိထားသောကြောင့် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ
နေရာများအတွက် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ယင်းပါတီ ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကဆိုသည်။
“ မနက်ဖြန်မှာ ကျွန်တော်တို့ ဆီက အမည်စာရင်းတင်မယ်။ လောလောဆယ်တော့
အမည်စာရင်းကို ဘယ်သူဆိုတာ ထုတ်ပြောလို့ မရနိုင်သေးဘူး” ဟု ၄င်းကဆိုသည်။
အလားတူ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတင်မြှောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်
လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် လျာထားသူများ၏ အမည်စာရင်းများ ထွက်ပေါ်လာသော်လည်း ယင်းစာရင်းများတွင် ရခိုင်နှင့်ရှမ်းပြည်နယ်လွှတ်တော်များအတွက်မူ
ပါဝင်ခြင်းမရှိပေ။
အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ ရှမ်းပြည်နယ် လွှတ်တော် တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ပါတီ မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၄ဦး
ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကမူ ၂၁ ဦးသာ ပါဝင်သည်။
သို့သော်လည်း ယင်းလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများဆုံးဖြစ်ပြီး စုစုပေါင်း ၃၂ဦး ပါဝင်သည်။
ထို့အပြင် ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ရခိုင်အမျိုးသားပါတီ ANP ပါတီက
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရှိ ပြီး NLD ပါတီကမူ အနိုင်ရ
လွှတ်တော်ကိုယ်စားလှယ် ၈ ဦးသာ ပါဝင်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment